အသက်၇၂နှစ်ရှိပြီဖြစ်တဲ့ အဖိုးအိုတစ်ဦးက ငါမျှားရတာကို
အလွန်ဝါသနာပါတယ်။ တစ်နေ့ သူ့ လှေကလေးပေါ်မှာ အေး
အေးဆေးဆေးငါးမျှားနေတုန်း ''ကျုမကို ခေါ်ပါ '' ဆိုတဲ့ အသ
ံတစ်ခု ကို ကြားလိုက်ရတယ်။ သူ့ ဘေးပတ်ပတ်လည်ကို
လှည့်ကြည့်တော့လည်း လူတစ်ဦးတစ်ယောက်မှ မတွေ့ ဘူး။
ငါ့စိတ်ထဲမှာ ထင်နေတာဖြစ်မှာပါ လို့ တွေးပြီး ငါးဆက်မျှားနေချိန်မှာပဲ ''ကျုမကိုခေါ်ပါ'' ဆိုတဲ့ အသံကို ကြားလိုက်ရပြန်တယ်။ ဒါနဲ့ အသံလာရာကို ဂရုစိုက်ပြီးအသေအချာ လှမ်းကြည့်လိုက်တဲ့
အချိန်မှာ ရေထဲမှာ လိုက်ကူးနေတဲ့ ဖားကလေးတစ်ကောင်ကို
တွေ့ လိုက်ရတယ်။
စကားပြောနေတာ မင်းလားကွလို့ အဖိုးအိုက မေးလိုက်တယ်။
ဖားကလေးက ဟုတ်ပါတယ်ရှင်...ကျွန်မကို ကောက်ယူလိုက်ပါ.
.ပြီးရင် မွှေးမွှေးပေးပါ..အဲ့ဒိအချိန် မှာ ကျွန်မက အရှင်တစ်သက်လုံး မမြင်ဘူးတဲ့ အလှပိုင်ရှင် မိန်းမချောလေး တစ်ယောက်ဖြစ်သွား ပါလိမ့်မယ်...ပြီးတော့ ရှင်အတွက် သူများတွေ အားကျ မနာလိုစရာဖြစ်လောက်အောင်တော်တဲ့  သတို့ သမီးလေးဖြစ်လိမ့်မယ်လို့  အာမခံရင်း...ပြန်ပြောတယ်။
ဒါနဲ့ အဖိုးအိုကလဲ ဖားကလေးကို အမြန်ကောက်ယူပြီး သူ့ အိတ်ကပ်ထဲကို ဂရုတစိုက်ထည့်လိုက်တယ်။
ဒီတော့ ဖားကလေးက လှမ်းပြောတယ်...ရှင်ယောက်ျားစစ်စစ်ကြီးမဟုတ်ဘူးလား ..ကျွန်မကို မွှေးမွှေးပေးပါ ...ပြီးရင် ရှင့်
အတွက် အလွန်တရာ ချောမောလှပတဲ့ သတို့ သမီးလေး ဖြစ်လာလိမ့် မယ်လို့ ပြောနေတာ ရှင်မကြားဘူးလား...တဲ့။
အဖိုးအိုက အိတ်ကပ်ထဲက ဖားလေးကို ထုတ်ပြီး စိုက်ကြည့်ရင်းနဲ့ ပြောလိုက်တယ်။
ငါကအသက်ကြီးပြီလေ ဖားကလေးရဲ့ ...သတို့ သမီးလှလှလေးထက်စာရင် စကားပြောလို့ ရတဲ့ ဖားကလေးတစ်ကောင်ကိုပဲ
ဲ ပိုပြီးနှစ်သက်မြတ်နိုးပါတယ်ကွယ်..လို့ ။
ဟုတ်ကဲ့..ကျွန်တော်တို့ အသက်ကြီးလာရင်ရော...