Xiaomi Mi and Redmi

Words
137
Reading
1 min
Listen
Play
9y

ကျွန်တော် အရင်ဆုံး ဒီပိုစ့် ကို မပြောခင် ကျွန်တော် က Xiaomi အလွယ် အားဖြင့် Mi Fan တယောက်ပါ. တိုတို ပြောပြရရင် Xiaomi မှာ Mi နှင့် Redmi ဆိုပြီး model ၂ မျိုး ထွက်ပါတယ်. Mi Series ကတော့ High end flagship accessories များ သုံးထားပြီး Redmi Series မှာတော့ Low budget အတန်အသင့် ကောင်းသော accessories တွေ သုံးထားပါတယ်. ဥပမာ အားဖြင့် နောက်ဆုံး ထွက် Mi series Mi 6 မှာဆို Snapdragon 835 flagship ကို သုံးထားပြီး နောက်ဆုံး ထွက် Redmi Note 5 Pro မှာ တော့ Snapdragon 635 ကို သုံးပါတယ်. Redmi series တွေ ဆိုရင်လည်း Low Budget Phone ဆိုပြီး အထင်သေးလို့ မရပါဘူး. တော်ရုံ Flagship တွေ မှာ မပါနိုင်တဲ့ ပါခဲတဲ့ Battery amount တွေ ကို သုံးပေးထား ပါတယ်. ဆိုလိုချင်တာက Redmi Series တွေ လည်း ခေသူမဟုတ်ဘူး ပေါ့ဗျာ. ဒါပေမယ့် ကိုယ်သုံး မယ့် အနေအထား နဲ့ Specifications တွေ ကို ချိန်ဆ ပြီး ၀ယ်ရမှာ ပါ. ကျွန်တော့ အနေနဲ့တော့ ဒီလို Steemit လေး သုံးလိုက် ကျွန်တော် ၀ါသနာပါတဲ့ Tech News တွေ ဖတ်လိုက် လောက် ဆို Battery ကြာကြာခံ ပြီး တော်ရုံ သုံးလို့ ရတဲ့ Redmi Series တွေ ကို ပို သဘောကျပါတယ်.

Xiaomi Mi and Redmi | Ecency