Redmi note 5 Pro Hands on

Words
274
Reading
2 min
Listen
Play
9y

Xiaomi_Redmi_Note_5_Pro_6_800x500-696x435.pngဟုတ် .... ခု ပြီးခဲ့တဲ့ အပတ်က ပဲ Xiaomi Readmi note 5 pro ကို xiaomi က India မှာ စိတ်ဝင်စားဖွယ် Features အသစ်တွေနဲ့ ကြေငြာခဲ့ပါတယ်. ခုထိတော့ ကျွန်တော် သိသလောက် မြန်မာပြည်ထဲ မ၀င်သေးပါဘူး. ဆိုတော့ ကျွန်တော် လည်း online မှာ ဖတ်ရရှုရတဲ့ သတင်းတွေ ဖတ်ပြီး ပြန်ပြောပြချင်တာပါ ... Redmi Note 4 ရဲ မျိုးဆက်သစ် မှာ ဘာတွေ ပါဝင်မလဲ ဘာတွေ လုပ်ဆောင် နိုင်မလဲ ဆိုတာကို ဆက်ကြည့်ရအောင် ဗျာ. Redmi note 5 မှာ Redmi Note 4 လို metal body, 18:9 ratio 5.99 လက်မ ရှိတဲ့ မျက်နှာပြင်နဲ့ ဆိုတော့ မျက်နှာပြင် ရှည်ကြီး ပေါ့ဗျာ. ဘာတွေ ပိုကောင်းမလဲ ဆိုတော့ Redmi 5 plus နဲ့ အတူတူ ဆိုတော့ Game ကစားရာမှာ တော်တော် သိသိသာသာ မြင်ကွင်းကျယ် မျိုး နဲ့ ကစားရသလို ပါပဲ. သူ့ မှာ သုံးထား တာ အရင် Xiaomi အကြိုက် Snapdragon 625 မဟုတ်တော့ ပဲ Low budget level မှာ အသစ်ထွက် Snapdragon 636 ကိုသုံးထားတာပါ. Snapdragon 636 က Mid range ဆိုပေမယ့် သူ့ Antutu Benchmark ကတော့ မခေ၀ူးနော် 109,692 Antutu ဆိုတော့ ဘယ်လောက် performance ကောင်းမယ် ဆိုတာ ပြောနေစရာမလို ဘူး ပေါ့. သုံးထား တဲ့ GPU ကလည်း Adreno 509 ဆိုတော့ တော်ရုံ ဂိမ်း (Mobile Legend, Rules of survival) တို့ ကို အေးဆေး ကလေးလေး မွေးပြီး ကစားလို့ ရတာပေါ့. ကင်မရာ ပိုင်းမှာတော့ အမျိုး သမီး လေး တွေ အကြိုက် Duel Selfie Camera နဲ့ Duel Camera တို့ ဆိုတော့ Portrait မလား ဆယ်ဖီ မလားပေါ့. ပြီးတော့ duel standby duel hybrid SIM နဲ့ဆိုတော့ အော်ရီပဲ ဒူးဒူး တယ်လီ ပဲ နောနောပေါ့. MPT ကတော့ မုန်းလို့ မပြောတော့ပါဘူး ဟီး. Battery က လည်း Li-Po 4000mmah ဆိုတော့ တနေ့ လုံး အကြိုက်သုံးပဲ (သုံးတော့ မသုံးဖူး ပါဘူး. Redmi Note 4 သုံးဖူးတာလေးမှန်းရမ်းတာ :D ). RAM ကလည်း 6GB ဆိုတော့ အမုန်းသုံး recent application ကို လှည့်ကြည့်စရာကို မလိုတော့တာ. ပြီးတော့ IR Blaster လည်း ပါတော့ ဘာ တီဗီလာလာ အဲကွန်းလာလာ ကျန်တာတွေ ပါ အကုန် ဒေါင်းလို့ ရတာပေါ့. Resolution က လည်း 1080 x 2160 pixels နဲ့ 403 ppi ဆိုတော့ အို ဘာပြောကောင်းမလဲ ကြည်တောက်နေတာပေါ့. ကဲ ဒီလောက် ပါပဲ . ဒီထက် ထပ်ပြောရင် သရေတွေကျ ညအိပ်မပျော်ပဲ နေနေကြအုန်းမယ်. ဟီးဟီး Price ပြောဖို့ မေ့နေတာ. ဘယ်လောက် လို့ ထင်လဲဗျ. USD 230 ဆိုတော့ မြန်မာပြည် အရောက် စစရောက်ချင်းဆို ၃၅၀၀၀၀ လောက်တော့ ရှိမယ်. အင်းနဲနဲ ကြာလာရင်တော့ ဟင်းဟင်း Xiaomi တို့က သိတဲ့အတိုင်းပဲ. :D Redmi-Note-5-696x435.pngUntitled.png
Images from google

Redmi note 5 Pro Hands on | Ecency