သတိပြုစရာ

Words
43
Reading
1 min
8y
Listen to this post
~1 min

ကျွန်တော်ဒီနေ့လမ်းလျှောက်ရင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေထဲက သတိပြုစရာလေးကို မျှဝေလိုပါတယ်။

အဲ့တာကတော့ ကျွန်တော်တို့ဟာ လမ်းဘေးကနေပဲဖြစ်ဖြစ် ပလက်ဖောင်းပေါ်ကနေပဲဖြစ်ဖြစ် လမ်းလျှောက်သူဟာ ယာဉ်ကြောနဲ့ မျက်နှာချင်းဆိုင်လမ်းဘက်ကနေ လျှောက်ဖို့ပါပဲ။ ဘာလို့ဆို ယာဉ်ကို ကျောပေးပြီးလျှောက်ရင် နောက်ဘက်ကနေ တိုက်မိ ညိမိ ခိုက်မိ တာတွေ မတော်တဆ အဖြစ်များနိုင်ပါတယ်။ ယာဉ်ကို မျက်နှာချင်းလျှောက်ချင်းအားဖြင့် မိမိတူရူဘက်မှာရှိတဲ့ ယာဉ်ကို ရှောင်နိုင်မယ့် အခွင့်အလမ်း ပိုများပါတယ်။ ဒါကြောင့် လမ်းလျှောက်တဲ့အခါ မျက်နှာချင်းဆိုင် ယာဉ်ကြောဘက်က လျှောက်ပါလို့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိဗဟုသုတ ဖတ်ဖူး သင်တန်းမှာ သင်ကြားဖူးတာလေးကို မျှဝေပါတယ်ခင်ဗျာ။

crd img