ဒီနေ့ (၁၁-၆-၂၀၁၈) ဘင်္ဂလား ပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း မြို့အနီးကနေ ဖြတ်သန်းနေပါတယ်။ ယခင်တစ်ခေါက်တုန်းကလောက် လေထန် မိုးသည်းထန်းခြင်း မရှိပေမယ့်လည်း မိုး တဖွဲဖွဲနဲ့ မစဲနိုင်ဘဲ ရွာနေတာ ၂-၃ ရက်လောက်ရှိနေပြီ။ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်အဖြစ် ပိုပြီးတော့တောင် အားကောင်းလာမယ်လို့ မိုးလေဝသ သတင်းကြေညာချက်တွေမှာတော့ တွေ့လိုက်ရတယ်။ ကျွန်တော်တို့ဘက်မှာတော့ လေထန်ခြင်းမရှိပေမယ့် ချင်းပြည်နယ်လို တော်ပေါ်ဒေသမျိုးမှာ အကြောက်ရဆုံးကတော့ မိုးရွာလွန်ပြီး မြေပြိုတောင်ပြိုတွေ ဖြစ်တာပါပဲ။ ကားလမ်းမတွေက တောင်ပေါ်ကို ပတ်ဖောက်ထားကြတာဆိုတော့ တောင်ပေါ်ကနေ မြေပြိုပြီး မြေသား၊ ကျောက်တုံးတွေ လမ်းပေါ်ကို ပိတ်ဆို့သွားရင် ဆက်သွယ်ရေး လမ်းကြောင်းတွေပျက်တောက် အားလုံး အဆင်မပြတွေ ဖြစ်ကုန်ကြတော့မယ်။
သဘာဝတရားကြီးကိုတော့ ဘယ်သူမှ တားဆီးနိုင်မည် မဟုတ်ပေ။ သို့သော် ကျွန်တော်တို့ လူသားတွေ ဥာဏ်စွမ်း၊ ကာယစွမ်း ရှိသလောက် သဘာဝဘေးဒဏ်ကို အံတု တွန်းလှန် ကြံ့ကြံ့ခံသွားကြရမှာပါပဲ။