၂၀၁၈ ခုနှစ်ရဲ့ မိုးရာသီကိုတောင် ရောက်လို့လာပြန်ပါပြီ။ မိုးကာကလည်း မဝယ်ရသေးတော့ ရုတ်တရက် မုန်တိုင်းကလည်းဝင် ဆိုတော့ ရုံးသွားရုံးပြန် အပြင်သွားပြန်ရတာ မိုးရေတွေ ရွဲရွဲကို စိုကုန်တော့တာ ပါပဲ။
မီးကလည်းပျက်ပြန်။ အင်းလေ EPC ကို အပြစ်ပြောလို့တော့လည်း ဘယ်ရမလဲ။ မီးကပျက်တော့ ဖုန်းကအား မရှိ။ Laptop ကလည်း အားကမရှိ။ ဖူး … မီးမရှိဘဲနဲ့ လူ့မှုဘဝကြီးက မစိုပြည်ပါလား။ အစားအသောက်တောင် မီးမရှိလို့ အခြောက်အခြမ်းလေးပဲ ဖြစ်သလို စားလိုက်ရတယ်။
ကဲ … ဒါနဲ့ ဖယောင်းတိုင်လေးပဲ ထွန်းပြီး စာအုပ်ဖတ်မယ်ဆိုတော့ စာအုပ်စင်မှာ ဟိုရှာ ဒီရှာ ရှာလိုက်တော့ ဟဲလ်မင်းဝေးလ်ရဲ့ "ပင်လယ်ပြာနဲ့ တံငါအို" ဝတ္ထုစာအုပ်ရယ်၊ ဟာမင်းမဲလ်ဗီးလ်ရဲ့ "မိုဒီဗစ်" စာအုပ်ရယ် တွေ့ပါလေရော။
မိုးရွာလို့ စာအုပ်ဖတ်ပါမယ်ဆိုနေမှပဲ မိုးတွေ လေတွေ ပင်လယ်တွေ အကြောင်းတွေပါတဲ့ စာအုပ်တွေ ဖြစ်နေပြန်ရော။ ဘာပဲပြောပြော အဲ့ဒီစာရေးဆရာ နှစ်ဦးလုံးကို လေးစားတယ်။ သူတို့ရဲ့ စာရေးဟန် တွေကိုလည်း သဘောကျတယ်။
နောက်မှ စာရေးဆရာကြီး ဟဲလ်မင်းဝေးရဲ့ စာပေရေးသားနည်း စာရေးဟန်ကို ပို့စ်တင်ဦးမယ်။ မနေ့ညက လေကလည်းတိုက်၊ မီးကလည်းပျက်၊ မိုးကလည်း ရွာနေတဲ့ကြားက အိပ်ယာထက်မှာ ဖယောင်းတိုင်လေး ထွန်းပြီး ဝတ္ထုဖတ်လိုက်ရတယ့် ဖီလင်ကတော့ တကယ့်ကို နိပ်သဟ။
30 May 18, 1:35 PM တွင် ရေးတင်သည်။