Need or Want

Words
156
Reading
1 min
8y
Listen to this post
~1 min

  ကျွန်တော် ခေါင်းထဲကနေ ထွက်ပေါ်လာတဲ့ အကြောင်းအရာလေး တစ်ခုကို ပြောပြချင်တယ်။ အဲ့တာလေးကတော့ Need or Want ဆိုတာလေးပါပဲ။ Need ဆိုတာကတော့ မြန်မာလိုပြောရရင် "လိုအပ်ချက်" ပေါ့၊ Want ကတော့ "ချဉ်ခြင်း" တစ်နည်း လိုချင်တာပေါ့။ ဘဝမှာ ဆင်းရဲချမ်းသာမရွေး Need or Want ကို နေ့စဉ်ကြုံတွေ့ရမှာပါ။ ကြီးပွားချမ်းသာလိုတဲ့သူအနေနဲ့ Need လား Want လား ဆိုတာကို ပြတ်ပြတ်သားသား ရွေးသင့်ပါတယ်။ တစ်လတစ်လ ၄-၅ သိန်းလောက် ဝင်ငွေရှိပေမယ့်လည်း အမြဲတမ်း ငွေရေးကြေးရေး စိတ်ညစ်နေသူတွေရှိတယ်။ စဉ်းစားကြည့်ဗျာ တစ်လမှ သိန်းဂဏန်းတောင် ဝင်ငွေ မရှိတဲ့ သူတွေ ဘယ်လို ရပ်တည်ကြမလဲ?   

crd img

 ငွေစုပါ  

  တစ်လဝင်ငွေရဲ့ သုံးပုံတစ်ပုံကိုတော့ အနည်းဆုံးထားပြီး ရေရှည်စုဆောင်းသင့်ပါတယ်။ ဘာကြောင့် စုဆောင်းရမှာလဲ? သင့်ရဲ့ နောင်ရေးအတွက် သင့်ရဲ့ ကျန်းမာရေး စသဖြင့် အရေးကြီးကိစ္စတွေမှာ အသုံးပြုဖို့ လက်ထဲမှာ ငွေရှိနေမှ ဖြစ်မှာပါ။ တကယ်ဖြစ်လာရင် သင့်ကို ဘယ်သူကမှာ လာမကယ်ပါဘူး။ မိမိခြေထောက် ပေါ်မှာသာ မိမိရပ်တည်ရမှာပါ။  

 အမြဲတမ်း အသုံးနဲ့ အဖြုန်းကို ခွဲခြားထားပါ  

  ဟိုပစ္စည်းလေးတွေ့ရင် လိုချင်၊ ဒီပစ္စည်းလေးသူများလက်ထဲ ကိုင်ထားတာတွေ့ရင် လိုချင်ပြန် နဲ့ ဟိုဟာလေး ဝယ်ချင်ပြန် ဆိုရင်တော့ အဲ့ပစ္စည်းတွေက ဘုံငွေစုံငွေတွေပဲ ဖြစ်သွားမှာပါ။ ဘုံငွေစုံငွေ ဆိုတာက ငွေပြန်ဖော်လို့ မရတာကို ဆိုလိုတာပါ။  

Need or Want 

  သင့်တစ်ခုခုကို လိုချင်တိုင်း (သို့မဟုတ်) ဝယ်မယ်ဆိုရင် သင့်ကိုယ်သင့် ပြန်မေးပါ။ Need (လိုအပ်လို့လား) ဒါမှမဟုတ် (လိုချင်တာကြောင့်လား) မလိုအပ်ပဲ မဝယ်ပါနဲ့ သင်က ကျိကျိတက်ချမ်းသာသူကြီးမဟုတ်ပါ။ ဆန်မရှိဘဲ စောက်စားကြီးလို့ ဘယ်ဖြစ်မလဲ။ ဟုတ်တယ်မလား။ High End ဖုန်းကြီး ဝယ်ကိုင်မယ့်အစား သာမန်ဈေးနှုန်းချိုသာတဲ့ ဖုန်း ဝယ်ကိုင်လည်း ဖြစ်တာပဲလေ။   

သင့်အနေနဲ့ ငွေကြေးဖူလုံ ပြည့်စုံသူကြီး မဟုတ်ရင် အမြဲတမ်း Need or Want ကို စဉ်းစားချင့်ချိန်ပြီး ငွေကြေးသုံးစွဲရန် အကြံပြုလိုက်ပါတယ်။  

    Thanks For your UPVOTE, COMMENT AND RESTEEM  

  @shankhunsam