မုန့်ဟင်းခါးသည်ပြောသောစကား

Words
172
Reading
1 min
8y
Listen to this post
~1 min

ယနေ့ ပျင်းပျင်းရှိတာနဲ့ ဈေးဘက်လမ်းလျှောက်ရင်း မုန့်ဟင်းခါး ဝယ်စားဖို့ အကြံပေါ်လာတာနဲ့ ဆိုင်ထဲကို ဝင်လိုက်တယ်။ ဆိုင်ဆိုပေမယ့် လက်တွန်းလှည်းလေးနဲ့ဆိုင်လေးမျှသာ။

"မုန့်ဟင်းခါး အိုးဘဲဥ နဲ့ ပေးပါ"

ရှေ့မှာဝယ်သူ နှစ်ယောက်ရှိနေတာမို့ ခေတ္တစောင့်ရပေမည်။ ထိုဝယ်သူနှစ်ဦးမှာ လူငယ်ပိုင်းဖြစ်ပေသည်။ ထိုသူနှစ်ဦးကို မုန့်ဟင်းခါးသ်ည က တရားစကားတွေပြောနေသည်။

img crd

တစ်ဝမ်းတစ်ခါးအတွက်တင် ငွေရှာနေရတာမဟုတ်ဘဲ ကျန်တခြားသုံးစရာစွဲစရာတွေအတွက်ပါ ငွေရှာနေရကြောင်း၊ ကွမ်းသမားက ကွမ်းဖိုး၊ ဆေးလိပ်သောက်သူက ဆေးလိပ်ဖိုး၊ အရက်သောက်သူက အရက်ဖိုး စသဖြင့် အမျိုးသားများခဗျာ (သူဥပမာပေးသကဲ့သို့) အပိုတွေထပ်ကုန်နေရကြောင်း၊ လူရယ်လို့ ဖြစ်လာရင် စားဖို့သောက်ဖို့ အတွက်မျှသာမဟုတ်ဘဲ ကျန်အပိုသုံးဖို့အတွက်ပါ ငွေရှာနေကြောင်း၊ စသဖြင့် တရားသဘော နှောကျေအောင်ပြောနေပေသည်။ ကြည့်ရတာ ဒီပုဂ္ဂိုလ်မှာ လူပျိုကြီးဖြစ်ဟန်တူတယ်။ အကယ်၍သာ အိမ်ထောင်သည်ဖြစ်ပါက မိန်းမအတွက်ပါ ငွေရှာနေရတယ်လို့ ထည့်ပြောဦးမလား မပြောတတ်။

ဒါပေမယ့် သူပြောတဲ့စကားတစ်ခွန်းလေးကတော့ မှတ်သားစရာကောင်းပေသည်။

သူပြောတာက - 

ဘုရားရှင်လက်ထက်တော်အခါက ဘုရားရှင်ကို ကြည်ညိုတဲ့ အမျိုးသမီးတစ်ဦးဟာ ဘုရားရှင် တရားတော်ဟောကြားနေတုန်း တရားသဘင်စီရင်ကျင်းပရာ ရှေ့ကနေ ဖြတ်လျှောက်သွားလေသတဲ့။ ထိုအခါ ဘုရားရှင်က မည်သည့်နေရာကနေ လာသလဲ။ မည်သည့်နေရာကို သွားမလို့လဲလို့ မိန့်တော်မူသတဲ့။ ထိုအခါ ထိုအမျိုးသမီးက မသိပါဘုရားဟုသာ ပြန်လည် ဖြေကြားသတဲ့။

မသိနားမလည်သူ တရားပရိတ်တချို့ကတော့ ဘုရားရှင်းအား ထိုကဲ့သို့ ပြောသည်မှာ မသင့်တော်ကြောင်း၊ ရိုင်းကြောင်း ပြောကြသတဲ့။

ထိုအခါ ဘုရားရှင်က သံသရာတွင် ကျင်လည်ရာတွင် ဒီအမျိုးသမီးဟာ မည်သည့်ဘဝမှ ဒီဘဝကို ဖြစ်လာသည်ကို မသိသကဲ့သို့ နောင်သံသရာတွင်လည်း မည်သည့်နေရာကို သွားရောက် ဖြစ်တည်ရမည်ကို မသိကြောင်း၊ သံသရာတွင် ကျင်လည်ကုန်သော သူတို့သည်လည်း သစ္စာလေးပါးတရားကို ထိုးထွင်းမသိသေးသရွေ့ ပင်လယ်မှာ မျှောနေတဲ့  သစ်တုံးကဲ့သို့ မျှောချင်ရာသာ မျှောနေရမည်ဖြစ်ကြောင်း တရားဟောတော်မူသတဲ့။

ကျွန်တော်တို့ ပုထုဇဉ်လူသားများလည်း ဘယ်ကလာလို့ ဘယ်ကိုသွားရမည့် သူတွေမှန်း ထိုအမျိုးသမီးပြောသကဲ့သို့ပင် မသိကြတာ အမှန်ပဲ။ အမှောင်ထဲကလာပြီး အမှောင်ကို ပြန်သွားသူလည်းရှိမယ်။ အမှောင်ကလာပြီး အလင်းကိုသွားတဲ့လူလည်း ရှိမယ်။ အလင်းကလာပြီး အမှောင်ကို သွားတဲ့လူလည်းရှိမယ်။ အလင်းကလာပြီး အလင်းကိုပဲ ပြန်သွားတဲ့လူလည်းရှိမယ်။ လူ(၄)မျိုးပေါ့။

ဘဝဆိုတာ အချိန်ပါပဲတဲ့။ ဒီဖွင့်ဆိုချက်လေးကို ကျွန်တော်အရမ်း သဘောကျတယ်။ ဟုတ်တယ်လေ။ လူရယ်လို့ ဖြစ်လာရင် နှစ်ပေါင်း (၈၀) မသကာကြာလှ နှစ်ပေါင်း (၁၀၀)ပေါ့။ ဆိုတော့ ဒီအချိန်လေးအတွင်းမှာ အချိန်ကို အကျိုးရှိရှိ အသုံးချပြီး လုပ်စရာရှိရာ လုပ်သွားဖို့ပဲရှိတယ်။

အထက်မှာပြောသွားသလို လူ(၄)မျိုးမှာ မိမိဘယ်လမ်းသွားမယ်ဆိုတာ မိမိသည်သာ Driver ပဲဖြစ်တာမို့ ချင့်ချိန်တွေးတော လုပ်ဆောင်ကြပါကုန်။

Thanks for your upvote, comment, resteem

shankhunsam@shankhunsam

မုန့်ဟင်းခါးသည်ပြောသောစကား | Ecency