မိုးခါးရေ
လူတွေလူတွေ မှားမှန်းသိရက်နဲ့ ဆက်မိုက်နေကြတယ်...
ဘိန်းစားချင်းအတူတူ တစ်လုံးပိုရှူချင်နေကြတယ် ...
စည်းမရှိကမ်းမရှိ ... ပါးစပ်ကဘုရားဘုရား၊ လက်ကကားယားကားယားသမားတွေသာ
ကြောင်သူတော်ကြွက်သူခိုးလုပ်ရင်း သူတို့သာ အမှန်ဖြစ်နေတယ်...
အမှားကတရားရှင် ... အမှန်ကတရားခံ ဖြစ်နေတဲ့ ခေတ် ...
အများညီရင်ရင် "ဤ" ကို "ကျွဲ" ဖတ်နေကြမှာတော့ ...
အမှန်တရားဟာ ရေမရှိတဲ့ချောင်း နှာခေါင်းနှစ်ပြီး ...
သတ်သေရတော့မယ် ...
အမှန်တရားဟာ တိမ်ခိုးတွေလို ပျောက်ကွယ်သွားရခိုက်
လူညစ်တွေက မုတ်သုန်မိုးလို သည်းထန်နေကြတယ်
လူတွေကလည်း မိုးခါးရေတွေကို
သူ့ထက်ငါ ဦးစွာအလျင် နှစ်ခြိုက်စွာ သောက်သုံးနေကြလေရဲ့ ...