လူတို့အကြောင်း(၁)

Words
61
Reading
1 min
Listen
Play
8y

လွန်ခဲ့တဲ့ ရက်သတ္တပတ်ပိတ်ရက်အတွင်း ဆရာကြီးပီမိုးနင်းရေးသားတဲ့ "နေညိုညို" ဝတ္ထုကို ဖတ်ဖြစ်ပါတယ်။ ဒီဝတ္ထုမှာပါတဲ့  စာပိုဒ်တစ်ပိုဒ်ဟာဆိုရင်ဖြင့် ကျွန်တော့်ရင်ကို ထိရှနိုင်စွမ်းရှိလှပါတယ်။ ကျွန်တော်ရေးချင်တဲ့ လူတို့အကြောင်းနဲ့ ကွက်တိဖြစ်သွားတယ် ဆိုရပါမယ်။

"ယခုခေတ်ကာလ ယဉ်ကျေးခြင်းသည် အဘယ်မျှလောက် ထူးဆန်းသည်ကို ဤပုံသက်သေဖြင့် သိလောက်ပေ၏။ နှလုံးအတွင်းမှ မထထွက်ဘဲ နှုတ်ခမ်းဖျားမှ ဖြစ်ပေါ်လာသော စကားများသည် နှလုံးတွင်းတွင် ကိန်းအောင်းလျက်ရှိသော ဝန်တို၊ မစ္ဆေရ တရားတို့ကို အဘယ်မျှပင် ကြိုးစား ဖုံးဖိစေကာမူ ထိုကဲ့သို့သော ယဉ်ကျေးခြင်းမျိုးကို အသုံးပြုကြသော ယောက်ျား၊ မိန်းမတို့သည် ကိုယ့်ဝမ်းနာ ကိုယ်သာ သိကြ၏။ ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံခွင့် မရကြသူတို့ကား ထိုယဉ်ကျေးသော လူတို့ ပြောဆိုလုပ်ကြံကြသည့် အမူအရာတို့ကို အဟုတ်အမှန် ထင်မှတ်ကြလေ၏။"

ပြောလို့ပြောတာမဟုတ်ရပါဘူး။ မိမိစိတ်ကို မိမိ ယဉ်ကျေးအောင် ထိန်းသိမ်းစောင့်ရှောက်ရတာဟာဆိုရင်ဖြင့် အလွန်တရာ ခက်ခဲလှပြီး မြင်းရိုင်းတစ်ကောင်ရဲ့ ဇက်ကြိုးကိုကိုင်ပြီး ယဉ်ပါးအောင် သင်ကြားရသလိုပါပဲ။

လူတို့အကြောင်း(၁) | Ecency