ကုလားထိုင်လေးတစ်လုံး

Words
206
Reading
1 min
8y
Listen to this post
~1 min

  တစ်ခါတုန်းက မြို့ကြီးတစ်မြို့မှာ သူဌေးကြီးနှစ်ဦးရှိသတဲ့။ သူဌေးကြီး နှစ်ဦးဟာ အလွန်ပဲ စီးပွားရေးမှာ အလွန်ပဲ တော်ကြပြီး မြို့မျက်နှာဖုံးများလည်း ဖြစ်ကြသတဲ့။ သူဌေးကြီး တစ်ဦးရဲ့ အမည်က ဦးချမ်းသာ ဖြစ်ပြီး တစ်ဦးကတော့ ဦးဌေးကြွယ် ဖြစ်ပါသတဲ့။   

 

credit img

 ပြောရမယ်ဆို ငယ်သူငယ်ချင်းများလည်း ဖြစ်ကြသလို ပြိုင်ဘက်များလည်း ဖြစ်ကြပါသတဲ့။ ငယ်ဘဝကတည်းက အလွန်ပြိုင်ဆိုင်တတ်တဲ့ သူတို့နှစ်ဦးရဲ့ သူတို့နှစ်ဦးဟာ ရွှေလင်ပန်းနဲ့ အချင်းဆေးပြီး ကြီးပြင်းလာကြသူများတော့ မဟုတ်ပါဘူး။ သို့ပေမယ့်လည်း မခံချင်စိတ်ရယ် ကြီးပွားလိုစိတ် ရှိသူကြသူများပီပီ တစ်ယောက်ကိုတစ်ယောက်အားကျမခံ ကြိုးစားခဲ့ကြတာမို့ ယခုလို သက်ရွယ်ရလာချိန်မှာတော့ တစ်သက်စားမကုန်တဲ့ စည်းစိမ်တွေနဲ့ ပြည့်နေတာပေါ့။  

  စီးပွားအပြိုင်အဆိုင် ရှာကြသူများဖြစ်သလို အလှူအတန်းမှာလည်း သူ့ထက်ငါ မလျော့တမ်း လှူတန်း တတ်ကြသူများ ဖြစ်ကြပါသတဲ့။   

  စီးပွားပြိုင်ဖက်များဖြစ်ကြသည့်နည်းတူ တစ်ယောက်နဲ့ တစ်ယောက် အတွန်းအတိုက်လေးများတော့ ရှိကြတာပေါ့။  

  တစ်နေ့တော့ ဦးချမ်းသာက တွေးသတဲ့။ ငါတို့နှစ်ယောက်ဟာ တစ်သက်လုံး ပြိုင်ဆိုင်လာခဲ့ကြတာ တစ်ယောက်နဲ့တစ်ယောက် အပြတ်အသတ် အနိုင်ရခဲ့ဆိုတာ မရှိဘူး။ အဲ့ဒီတော့ ဒီကောင်ဌေးကြွယ်ထက် သာအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့။ ဒီကောင့်ကို ဘယ်လို lesson ပေးရင်ကောင်းမလဲပေါ့။ တစ်နေ့ကျ ဦးချမ်းသာတစ်ယောက် သူရဲ့လုပ်ငန်းတွေကို လိုက်စစ်ဆေးရင်း ပွဲရုံတစ်ခုကိုရောက်တော့ အဲ့ဒီပွဲရုံက အခြေအနေက သိပ်မကောင်းဘူး။ ပြောရမယ်ဆို ရလဒ်တွေမကောင်းဘူး။ ဘယ်လိုဖြစ်ရတာလဲပေါ့။ ပွဲရုံမှာ ခန့်ထားတဲ့ တာဝန်ခံက အလုပ်လုပ်တာပေါ့လျော့တယ်။ သိပ်ကို အပါးခိုလွန်းတယ်။ ပြီးတော့ တစ်နေ့တစ်နေ့ ကြည့်လိုက်ရင် ပက်လက်ကုလားထိုင်လေးမှာ ထိုင်ရင်း ဇိမ်ပဲကျနေတာကို တွေ့ရသတဲ့။ အလုပ်သမားတွေကို ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲခြင်း မရှိတာမို့ အလုပ်သမားတွေက လုပ်ချင်တာလုပ်၊ ခိုချင်တာခို၊ ဖြောင်ချင်တာဖြောင်တွေ ဖြစ်နေတတ်သတဲ့။ အဲ့ဒီမှာပဲ ဦးချမ်းသာတစ်ယောက် ခေါင်းထဲလက်ခနဲ့ အကြံတစ်ခု ရလိုက်သတဲ့။  

  သူဌေးကြီးဦးဌေးကြွယ်ရဲ့ မွေးနေ့မှာ သူရဲ့ပြိုင်ဘက်ကြီး ဦးချမ်းသာက မွေးနေ့လက်ဆောင် တစ်ခုပေးသတဲ့။ ပေးတဲ့မွေးနေ့လက်ဆောင်ကတော့ ပက်လက်ကုလားထိုင် အကောင်းစားကြီးပါတဲ့။ အကောင်းစား ပိတောက်သားတွေပြုလုပ်ထားပြီး ဆိုဖာကိုလည်း သေချာကောင်းမွန်စွာပြုလုပ်ထားပြီး တန်ဖိုးကလည်း မနည်းဘူးတဲ့။ ထိုင်လိုက်ရင်ဖြင့် မထချင်တော့လောက်အောင် ကောင်းမွန်လွန်းပါသတဲ့။  

  ဦးဌေးကြွယ်လည်း သူ့ပြိုင်ဘက်က ပေးတာဆိုတော့ အလွန်ပင် သဘောကျလျက်ရှိပါသတဲ့။ ငါ့ကို အရှုံးပေးလို့သာ ဒီလိုလက်ဆောင်ပေးရတာဆိုပြီး ဂုဏ်ယူနေသတဲ့။  

  ထိုလက်ဆောင်ပေးပြီး နှစ်ဝက်လောက်အကြာမှာတော့ ဦးချမ်းသာရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဦးဌေးကြွယ်ထက် ပိုပြီးသာလွန်လာပါသတဲ့။  

  အကြောင်းကတော့ ဦးဌေးကြွယ်တစ်ယောက် တစ်နေ့တစ်နေ့ ပက်လက်ကုလားထိုင်မှာသာ ထိုင်ရင်း ဇိမ်ခံနေလေ့ရှိပြီး အရင်ကလောက် အလုပ်ကို ဖိဖိစီးစီးလုပ်ကိုင်စိစစ်ခြင်းမရှိဘဲနေလေ့ ရှိလို့ပါသတဲ့။  

  ကျွန်တော်လည်း ဟိုတစ်နေ့က ရာသီဥတုကလည်းပူဆိုတော့ အလုပ်ခန်းမှာ ထိုင်ရအောင်ဆိုပြီး ပက်လက် ကုလားထိုင်လေးတစ်လုံး အခန်းထဲထည့်ထားမိတယ်။ ပူကလည်းပူဆိုတော့ ပန်ကာလေ ခံရင်း ကုလားထိုင်မှာ နေ့လည်နေ့ခင်း ထမင်းစားပြီးချိန်ဆို တစ်ရေးတစ်မောတောင် အိပ်ဖြစ်တဲ့ အကျင့်ကဖြစ်လာတယ်။ အလုပ်ကလည်းပါးဆိုတာ့ ဇိမ်ပဲ ဖြစ်နေတော့တာပေါ့။   

  တစ်ဖြည်းဖြည်းတွေးမိလာတာက ငါဒီလိုပဲ ဇိမ်ခံနေရင် အကျင့်ပါပြီး ဘာအလုပ်မှ လုပ်ချင်လာတော့မှာ မဟုတ်ဘူးလို့။  

  "တစ်ခါတစ်ရံ ဇိမ်ခံရင်းဖြင့်သာ အချိန်ကုန်ခြင်းကို အကျင့်ဖြစ်အောင် စမိလိုက်ရင် မိမိရဲ့ကြီးပွားတိုးတက်မှုကို ထိခိုက်နိုင်တယ်ဆိုတာပါပဲ"  

  Author @shankhunsam

ကုလားထိုင်လေးတစ်လုံး | Ecency