တစ်ခါတစ်ရံ မဆီမဆိုင် ကြီးကျယ်ကြသူများကို တွေ့ဖူးကြပါလိမ့်မည်။
ထိုသူတို့အား မည်ကဲ့သို့ နားလည်ပေးရမလဲ မသိနိုင်လောက်အောင်ပင်ဖြစ်သည်။
အစိုးရဗျူရိုကရက်ယန္တယားတွင် ထိုသူတို့အား အတွေ့များသည်ဟုပင် ပြောရမလားပင်။
မိမိသည်လည်း ထိုယန္တရားတွင် အပါအဝင်တစ်ယောက်ဖြစ်နေလေတော့ ကိုယ်ကမညိချင်ပေမယ့် သူကညိတာတွေလည်း ရှိပေသည်။
လူချင်းအတူတူ ရာထူးချင်းအတူတူကိုပင် ငါကဘာ နင်ကဘာနှင့် Blah Blah ... ပေါင်းများစွာနှင့် အာရုံနောက်ဖို့ကောင်းပေစွ။
အကြီးအကဲအရာရှိက သဘောထားကောင်းသလောက် သူ့နောက်တော်ပါးတွေက ဆင်ဖြူတော်မှီပြီး ဟောက်စားလုပ်ချင်ကြ၏။
ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲကဲတွေက အတော် အာရုံနှောက်ဖို့ကောင်း၏။
မှားမှားမှန်မှန် သူတို့သာအမှန်ဆိုသူတွေတည်း။