Don't Give Up!

Words
127
Reading
1 min
8y
Listen to this post
~1 min

  ဂယ်ပေါက်  

  ကျွန်တော် လက်ဖက်ရည်ဆိုင် ထိုင်ရတာကို လွန်စွာ နှစ်ခြိုက်တဲ့သူတစ်ယောက် မဟုတ်ပေမယ့် စိတ်ထွက်ပေါက် အရသော်လည်းကောင်း၊ အပျင်းပြေသော်လည်းကောင်း၊ မိတ်ဆွေအပေါင်းအသင်းများနှင့် တွေ့ဆုံရန် အလို့ငှာလည်းကောင်း ရံဖန်ရံခါ ထိုင်လေ့ရှိပါတယ်။  

crd img

 တစ်ချို့ဆိုင်တွေက လူရှင်းပြီး အေးအေးဆေးဆေး ထိုင်လို့ကောင်းသလောက် တချို့ဆိုင်များကျပြန်တော့လည်း လူတစ်အားကျကာ ဝုန်းခတ်လို့နေပါတယ်။ အေးအေးဆေးဆေး သမားဆိုတော့ များသောအားဖြင့် အေးအေးဆေးဆေး လူရှင်းတဲ့ ဆိုင်မှာ အထိုင်များလေ့ ရှိပါတယ်။ 

  တစ်ခါက လူတစ်အားကျတဲ့ ဆိုင်မှာ ထိုင်ဖြစ်ပြီး ဆိုင်ရှေ့မှာလည်း ဆိုင်ကယ်တွေက တန်းစီလို့ပေါ့။ ဒီလိုနဲ့ ပြန်မယ်လည်းလုပ်ရော ကိုယ်ဆိုင်ကယ်ရဲ့ နောက်မှာ ဆိုင်ကယ်တွေက နှစ်ထပ်လောက် ပိတ်ထားသလို ဖြစ်နေတယ်။ စိတ်တအား ညစ်သွားတယ်။ ဒီဆိုင်ကယ်တွေနဲ့ ငါ့တော့ ဘယ်လိုဖောက်ထွက်ရပါ့ဆိုပြီး စိတ်တော်တော်လေသွားတယ်။  

  မိမိကိုယ်ကို စိတ်ညစ်နေလို့ မဖြစ်ဘူးလေ တစ်ခုခုတော့ ကြံမှပါ။ မိမိမှာ လွတ်ရာလွတ်ကြောင်းလေးတော့ ရှိမှာပါ ဆိုပြီး စိတ်ကိုအေးအေးထားကာ ဘယ်လိုလုပ်ရမလဲ ကြံတော့တယ်။ ဟိုဘက်ကနေလည်း ထွက်မရ ဒီဘက်ကနေလည်း ထွက်မရနဲ့ အတော် အကျပ်ရိုက်နေတယ်။ ကံကောင်းချင်တော့ ကျွန်တော့်ဆိုင်ကယ် နောက်မှာ ရပ်ထားတဲ့ ဆိုင်ကယ်က နဲနဲ ကန့်လန့်ရပ်ထားတော့ အဲ့ဆိုင်ကယ်လေးပဲ ခေါင်းဟိုရွေ့ ဖင်ဟိုရွေ့ လုပ်ပြီး ဆိုင်ကယ်တစ်စီးထွက်စာ နေရာ လမ်းကြောင်းရအောင် ကြံဖန်ရတော့တယ်။ မိနစ်အနည်းငယ်လောက် ကြိုးစားပြီးနောက်မှာတော့ မိမိဆိုင်ကယ် တစ်စီးလွှတ်သာရုံလမ်းကလေး ရသွားတယ်။ တော်သေးတယ် အဆင်ပြေပြေဖြစ်သွားလို့။  

  ကဲ … ကျွန်တော်ပြောချင်တာလေးကတော့-

  လောကမှာ အပေါ်က ကျွန်တော်ပြောခဲ့သလို ကျဉ်းထဲကြပ်ထဲ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ စိတ်ဓာတ် အလွန်အမင်းကျမသွားပါနဲ့။ သေချာတယ်။ မိမိအတွက် လွှတ်မြောက်ရာ ဂယ်ပေါက်လေးတစ်ခုတော့ ရှိပါ့လိမ့်မယ်။ ကြိုးစားပါ။ ရုန်းထွက်ပါ။ စိတ်လျော့ အရှုံးမပေးလိုက်ပါနဲ့။  

  Thanks for your upvote, comment and resteem  

  @shankhunsam