အချစ်ဆိုတာ ...
တချို့တွေအတွက် ခါးသက်တယ်။
တချို့အတွက်ကျ ချိုမြိန်နေပြန်ရော။
ချိုတယ်ခါးတယ်ဆိုတာ လည်း မိမိအကြိုက်နဲ့ မိမိပဲလေ . . .
ဒါပေမယ့် အချစ်ဆိုတာ မစားဖူးတဲ့အသီးလို မစားဖူးခင်လေး ချင်ခြင်းတက်တာမျိုးကတော့ အချစ်လို့ အမည်တွင်ဖို့ မကောင်းလှဘူး။
နေ့တိုင်းစားနေတဲ့ ထမင်းလို့ နေ့တိုင်းစားနေပေမယ့် မရိုးသွားမှသာ အချစ်လို့ အမည်တွင်ခွင့် ရှိသင့်တယ်။