This content got low rating by people.

သရက်ပင်လေးတွေစိုက်ပါမယ်

Words
124
Reading
1 min
5y
Listen to this post
~1 min

mango_5425479_640.jpg
score

သရက်ပင်ပေါက်လေးတွေ ကို စိုက်ပျိုးတဲ့အခါ လိုအပ်သည်များ သိနိုင်ရန် လေ့လာဖတ်ရှုကြည့်မိပါသည် သရက်ပင်တို့သည် နှစ်ရှည်ပင်ဖြစ်လို့ စိုက်ပျိုးရတာ စိတ်ရှည်မှ ဖြစ်ပါမည် အခုစိုက်လို့ အခု အသီးစားချင်လို့မရတာတော့ လူတိုင်းသိပါသည် ပြောရင်းနဲ့ သတိရလာမိသည် သရက်ပင်စိုက်တာက အချိန်ကြာမှ အသီးစားရသည်တဲ့ အခုစာရေးနေတာတွေကလည်း သရက်ပင်စိုက်သလိုများဖြစ်နေပြီလားဟု တွေးမိခြင်းပါ
သရက်ပင်ကို စိုက်လျှင် အပင်ပေါက်လေးတွေကို နေရာရွေ့ပြောင်းစိုက်လိုက်သည် ဘာမှ ထူးထူးခြားခြား မသိခဲ့ပါဘူး အခုမှ အချို့သော အချက်အလက်များကိုသိလာရသည်
သရက်စေ့ကို စိုက်လျှင်အညှောင့်လေးထွက်လာြပီး အပင်တဖြည်းဖြည်း ကြီးလာမည် ဒီလိုသာ အကြမ်းအားဖြင့်သိထားလေသည်
အဲ့ဒီသရက်စေ့ကနေ အပင်ပေါက်လေး ထွက်လာတဲ့အခါ အချို့က အပင်ပေါက် တစ်ပင်သာ ထွက်လေ့ရှိသည် အချို့အပင်တွေကတော့ အပင်ပေါက် သုံးပင်လောက်ထိ ထွက်လာတက်သည် အကောင်းဆုံးက အပင်ပေါက် များများ ပါသော သရက်မျိုးစေ့ကိုသာ ရွေးချယ်စိုက်သင့်သည်ဟုဆိုထားပါသည် သရက်ပင် ပေါက်များများပါသော အပင်ကိုစိုက်လျှင် အသီးသီးနှုန်း ပိုကောင်းသည်
သရက်ပင်တို့ရဲ့ သက်တမး်သည် နှစ်ပေါင်း ရှစ်ဆယ် တစ်ရာ ထိ ရှင်သန် အသီးသီးနို်ငသည်ဟု ပျမ်းမျှ သက်မှတ်ကြသည် စိုက်ပျိုးပြီး သုံးနှစ်ဆိုလျှင် အသီးစတင်သီးလာသည် ဒါက အစေ့က စိုက်သော နည်းဖြစ်သည်
ကိုင်းကူးစိုက်တာတွေကတော့ အသီးသီးချိန်ပိုမို မြန်ဆန်သည်ဟုဆိုသည် ကိုင်းကူးလျှင် သရက်အသီးလည်း ပိုမိုတင်လေ့ရှိသည်
အခုတော့ သရက်စေ့လေးတွေကို ပျိုးထားတာ အညှောင့်လေးတွေထွက်လာပြီဖြစ်လို့ နေရာပြောင်းရွှေ့ စိုက်နေပါသည် ဘယ်အချိန်အသီးသီးမယ်ဆိုတာကိုတော့ သိပ်မမျှော်လင့်ထားပါဘူး စိတ်ထဲမှာ ရှိတဲ့အတိုင်းဘဲ အပင်လေးတွေ စိုက်ကြည့်ချင်သည် ကိုယ်စိုက်တဲ့အပင်လေးကို အရိပ်တကြည့်ကြည့်နဲ့ ပြုစုမည် ရှင်သန်အောင်ရေလောင်းပေါင်းသင် မည် ဒီလောက်သာဖြစ်ပါသည်
သရက်သီးတွေ ရမှဖြစ်မယ်ဟု ရည်မှန်းစိုက်တာမဟုတ်တဲ့အတွက် စိတ်ကတော့ အပေါ်ယ့သဘောမျှသာဖြစ်သည် အခုခေတ်ကာလမှ တောထဲသွားစိုက်တာမဟုတ်တော့ ကိုယ်စိုက်တဲ့အပင်လေး ဘယ်အချိန်အခုတ်ခံရမည်လဲ ဆိုတာက မသိနိုင်ပါဘူးလေ
ဒီနေရာမှာအ ပင်လေးတွေစိုက်ထားတယ် သိပ်မကြာဘူး အဲ့ဒီနေရာက အိုးအိမ်အဆောက်အဦးတွေနေရာယူသွားတယ် အဲ့သလိုအဖြစ်တွေက နေရာတိုင်းတွေ့လာရသည် ဒါကြောင့်အပင်လေးတွေကိုအခုနောက်ပိုင်းတွင် အိုလေးတွေနဲ့သာ အလှသဘောစိုက်ပျိုးလာရတော့သည်

သရက်ပင်လေးတွေစိုက်ပါမယ် | Ecency