ဒေါသတွေက ရင်ထဲမှာ

Words
111
Reading
1 min
5y
Listen to this post
~1 min

conversation_799448_640.png
score

ကျွန်တော့်ဦးခေါင်းသညိ လည်ပင်းမှပြုတ်ကာ လိမ့်ထွက်သွားပြီး
ငုတ်တုတ်ထိုင်နေသော ကြောင်ကြီးနား ရောက်သွားကာ ကြောင်ကြီးက
လန့်ဖျပ်ကုတ်ပစ်လိုက်သလို ခံစားလိုက်ရသည်။ အရှက်တရားသည်
နှလုံးထဲမှ ဒုတ်ခနဲလည်မျိုကို ထိုးဆောင့်သဖြင့် ခန္ဓာကိုယ်က ဝုန်းခနဲ
ဖြစ်သွား၏။ ပူထူသွားသော မျက်နှာဖြင့် ဟိုဟိုဒီဒီ လျှောက်ငေးမိတော့
အဘွားကြီးက ထပ်ပြုံးပြပြန်၏။ ကျွန်တော် ပြန်ပြုံးမပြနိုင်တော့။ ကျွန်တော်
ဝုန်းခနဲထအရပ်မှာ ကြည်ပြာက ကန့်လန့်ကာကို မ,ကာထွက်လာ၏။
လက်ထဲမှာ ကြွပ်ကြွပ်အိတ် တစ်အိတ်ကို ကိုင်ထားရင်း သူ့အန်တီကို
ရယ်ကာပြုံးကာ နှုတ်ဆက်သည်။ သူ့အန်တီက ကျွန်တော့်ကို တစ်ချက်
ကြည့်ပီး ပြုံးပြီးသည်။ ကျွန်တော် အသိတရားတစ်ခုလုံးနှင့် ဆွဲမသည့်
တိုင်အောင် နှုတ်ခမ်းများက မြောက်ကြွတက် မလားတော့။ ဒေါသက
ရင်ထဲမှာ တဒုတ်ဒုတ်လျှောက်ပြေးလွှားနေသဖြင့် မျက်နှာပေးက
သိပ်မမှန်ချင်။ လှေကားထစ်များကို အမြန်နင်းကာ ဆင်းလာကြရင်း
ကားလမ်းမပေါ်ရောက်တော့ ကျဉ်းကြပ်မှု ပြေသွားသည့်တိုင် နာကျင်ခံခက်
ဝေဒနာက ရင်ထဲမှာ ယိမ်းထိုနေတုန်း...
“အန်တီက တစ်ထည်ပြန်ပေးလိုက်တယ်ဟ၊ အလကားဟာ ဘာမှ
မမြတ်တာကို အမေပေါ့ အလုပ်ရှုပ်တာ၊ မြပွင့်ဖြူတို့ အိမ်ကိုတော့ ဖုန်းပဲ
လှမ်းဆက်မယ်ဟာ၊ မရှိရင်မောမှာ”
ဝမ်းသာအားရ လှမ်းကြည့်လိုက်တော့ ရေမြောင်းကို ဝါးလုံး
ကလေးတွေ ခင်းပြီး တံတားလုပ်ထားသော ဟိုတစ်ဘက်တွင် ကပ်စေးနှဲ
ပင်များ မြက်ပင်များ ဖုံးနေသည့် ခြေသွားလမ်းကလေး၊ ထိုလမ်းကလေး
အဆုံးတွင် ဝါးကပ်တစ်ခုနှင့် နေရာကိုတွေ့ရ၏။ ကျွန်တော် အချိန်ဆွဲမနေ
တော့ဘဲ တိုင်းဗုံးတစ်လုံးကို အချိန်မရွေး ပေါက်ကွဲသွားနိုင်သော ကြည်ပြာ
ဝမ်းဗိုက်အတွက် ချက်ချင်းပြန်လှည့်ကာ ပြေးရပြန်၏။ ကျွန်တော်
ကြည်ပြာ့ကို တွဲခေါ်လာကာ ဝါးတံတားလေးနားကို ကပ်တော့ ထိုလူ
နှစ်ယောက်က ရှေ့မှပိတ်ရပ်ကာပြောနေသည်။

ဒေါသတွေက ရင်ထဲမှာ | Ecency