Contempt

sehunni(25)
Published in
#esteem
Words
93
Reading
1 min
Listen
Play
9y

"ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့ "

ကိုယ့်ကိုယ်ကို သိမ်ငယ်နေရင်
အားငယ်လာလိမ့်မယ်။

အားငယ်စိတ်ဝင်လာပီဆိုတာနဲ့
ယုံကြည်မှူတွေ ပျောက်လာလိမ့်မယ်။

ယုံကြည်မှူတွေပျောက်လာရင်
ကိုယ့်အရည်အချင်းတွေကို ကိုယ်ကိုယ်တိုင် အထင်သေးလာလိမ့်မယ်။

ကိုယ့်ကိုယ်ကို အထင်သေးလာတာနဲ့
အောင်မြင်မှူတွေနဲ့ ဝေးကွာလာပါလိမ့်မယ်။

အောင်မြင်မှူတွေနဲ့ဝေးကွာတာ များလာရင်
အနာဂါတ်ဟာ ဝေဝါးလာလိမ့်မယ်။

အနာဂါတ်တွေ ဝေဝါးလာသည်နဲ့အမျှ
လူဖြစ်ရတာပါ ရူံးလာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ဝင်လာတာနဲ့
အမြန်ဆုံးဖျောက်ပစ်ပါ အကယ်၍ စိတ်အလိုလိုက်ပီး
စိတ်ဓာတ်ကျတဲ့ နွံထဲကရုန်းမထွက်နိုင်ခဲ့ရင်
လူဖြစ်ပါရူံးသွားပါလိမ့်မယ်။

ကိုယ့်ဘဝကို အခြားသူကြောင့် ထိခိုက်သွားတယ်ဆိုတာက
နည်းပါတယ် များသောအားဖြင့်တော့ ကိုယ့်စိတ်ရဲ့
ပျော့ညံ့မှူတွေနဲ့ မပြတ်သားမှူတွေကြောင့်
စိတ်ထောင်းလို့ ကိုယ်ကြေရတာက ခပ်များများပါ။

ကိုယ့်ကိုယ်ကို နှိမ့်ချပြီး
နေတတ်သူ တစ်ယောက်ကို
အသုံးမကျသူ ဘာတန်ဖိုးမှ
မရှိသူလို့ မထင်လိုက်ပါနဲ့ . .

လူတွေ အပေါ် သည်းခံ
အလျော့ပေး ဆက်ဆံတတ်သူ
တစ်ယောက်ကို ဘာမှ မသိသူ
ဘာပညာမှ တတ်မြောက်
မထားသူလို့ မထင်လိုက် ပါနဲ့ . .

ကိုယ့်ကိုယ်ကို နှိမ့်ချပြီး
သူတပါးအပေါ် ညှာတာသည်းခံ
ဆက်ဆံတတ်သူ ကသာ တကယ်
ပြည့်ဝပြီး တန်ဖိုးကြီးတဲ့ လူပါ . .

အဆံပြည့်ဝသူ ဆိုတာ
ဟောင်ဖွာ ဟောင်ဖွာ
မြောက်ကြွ မြောက်ကြွ
မာန်ဖီရင်း အချိန်ကုန်လေ့
မရှိပါဘူး . .

sehunni@sehunni

Contempt | Ecency