ဘဝထဲမှာ နေသမျှတော့ ဘဝကပေးတဲ့ သင်ခန်းစာတွေကို အခြားသူတွေ ကြုံကြသလိုပဲ ကြုံဘူးတာပေါ့
လူတွေထဲမှာ နေသမျှတော့ လူတွေကပေးတဲ့ သင်ခန်းစာတွေလည်း ကြုံဘူးတာပေါ့
ခန္ဓာနဲ့အတူ နေသမျှတော့ ခန္ဓာကပေးတဲ့ ဝေဒနာတွေလည်း ကြုံဘူးတာပေါ့
ကြုံနေရတဲ့ အရာတွေထဲမှာ ရုန်းမထွက်နိုင်သမျှတော့ စိတ်တွေဟာလည်း ပူလောင်တက်တာပေါ့
ဘဝရယ် လူတွေရယ် ခန္ဓာကြီးရယ်ကို ကိုယ်ပြုပြင်လို့ သိပ်မတက်နိုင်သော်လည်းပေါ့ စိတ်ကလေးကိုတော့ မပူလောင်အောင် တော်ရုံကိစ္စလောက်ကို စာဖွဲ့မနေတော့ဘဲ ...
ဘဝကဘယ်လိုဖြစ်ပါစေ အသက်ဆက်ရှင်ပြီး ကိုယ့်တာဝန်ကျေနေဖို့နဲ့ အကျင့်သီလလုံဖို့က အဓိက...
လူတွေလည်း ကိုယ့်အပေါ် မုန်းသူလည်း မုန်းပါစေ ချစ်သူလည်းချစ်ပါစေ သူ့သဘောနဲ့သူပေါ့ အမြင်မှမတူကြပဲ ကိုယ်ပဲ အမုန်းတွေနဲ့အမြဲမပူလောင်နေဖို့ အဓိက...
ခန္ဓာကိုယ်ကြီးလည်း ရောဂါတွေဖြစ်မှာပေါ့ တစ်နေ့သေရဦးမှာကိုး ကျန်းမာရေးအသိနဲ့ ခန္ဓာကိုယ်ကြီးကို ထိန်းသိမ်းတက်ဖို့က အဓိက...
စိတ်တွေလည်း ပူလောင်သင့်သလောက်တော့ ပူလောင်မိမှာပေါ့ စိတ်ပူလောင်ခြင်းကို ချက်ချင်း ငြိမ်းသက်ပြီး အရာရာေ ဖြတွေးလေးတွေနဲ့ စိတ်အေးချမ်းစေဖို့်က အဓိကပါပဲ.....
photo-google