'' ဘာဖြစ်နေတာလဲ ''
မျက်နှာလေးက စူပုပ်ပုပ်ဖြစ်နေလို့ သူ့လက်ကလေးကို ဖွဖွလေး ကိုင်လျက် မေးကြည့်ရတယ် ။သူ ဘာတွေ စိတ်ညစ်စရာ ရှိနေလို့လဲ မသိ။
'' မသိဘူး . . . ငိုပဲ ငိုချင်နေတာ ''
'' ဟင် . . . ဘာတွေ စိတ်ညစ်စရာ ရှိနေလို့လဲ ''
'' ဟင့်အင်း . . အလကားနေရင်းကို ငိုချင်နေတာ ''
အော် . . .ကလေးကလည်း . . .
သူ့လက်ကလေးကို တင်းတင်းကျပ်ကျပ်လေး စုပ်ကိုင်ထားပြီး
နှစ်သိမ့်ရတယ်။
သူ့ခဗျာ ၀မ်းနည်းနေတဲ့ အချိန်လည်း ငိုရတယ် ။
ဘာမှ မဖြစ်လာသေးတဲ့ ကိစ္စ ကို ထိုင်တွေးပြီး ငိုချင်ငိုတယ် ။
အခုဆို သူ့စိတ်ကို ကျွန်တော် နားလည်ပေးနိုင်ခဲ့ပြီ ။
တစ်ခါတစ်ခါ သူ တစ်ယောက်ထဲနဲ့ တစ်ကမ္ဘာ လုံး စကားများသလိုလို သူ ခံစားနေရတတ်တယ် ။
အဲ့ဒီ့အခါ ကျရင် ဒီအတိုင်း ဘယ်လို ပြဿ နာမှ
မရှိပဲနဲ့ကို ဘယ်သူ့ကိုမှ စကားမပြောတော့ဘူး။
အခန်းထဲအောင်းပြီး အားငယ်နေသလိုလို ၊
ငိုချင်နေသလိုလို ၊ သူ့ကို ဘယ်သူမှ နားလည်မပေးနိုင်သလိုလို ဖြစ်နေတတ်တယ် ။
ဒါ သူက ဖြစ်ချင်လို့ ဖြစ်နေတာ မဟုတ်ဘူး။
သူ့ စိတ်ကိုက အလိုမကျပဲ ဖြစ်နေတတ်တာလေ။
တစ်ခါတစ်ခါ ကျပြန်တော့ လည်း
သူ ဘာကို စိတ်တိုလို့ တိုနေမှန်း မသိ တိုနေတတ်တာ ။
အဲ့ဒီ့ အချိန်မျိုး ဆိုရင် သူ ဘာပြောပြော ကျွန်တော် လက်ခံပေးရတယ် ။
သူ့ကို အလျော့ပေးရတယ် ။
အဲ့ဒီ့ အချိန်မှာ သူနဲ့ ဘုဂလန့် တွေ သွားပြောလို့ မဖြစ်ဘူး။
ဘာပြောပြော အကောင်းမြင်မှာလည်း မဟုတ်သလို
ဒေါသတွေထွက် ၊ အပြစ်ပဲ မြင်နေမှာလေ။
ဒေါသတွေ ထွက်တယ် ။
သူ ဘာကို ထွက်လို့ ထွက်နေမှန်းမသိ ။
ကျွန်တော့် ကို စိတ်ကောက်တယ် ။
ဘာအတွက် ကြောင့် ကောက်နေမှန်းမသိ။
သူ့ ကို အရင်ကထက် အလေးပေး ဂရုစိုက်တာ
ခံချင်ကြောင်းကို ကျွန်တော့်ကို ပြောပြရင်ရလျက်နဲ့ ကျွန်တော်နဲ့ ရန်ဖြစ်လိုက်သေးတာ ။
ပြောချင်တဲ့ ကိစ္စ တစ်ခု အတွက် ဘယ်တော့မှ
ဒဲ့ မပြတတ် ။
သူ့မှာ အပေါ်ယံ မာကြောတယ် ထင်ရသလောက် သူ့ အတွင်းစိတ်လေးက သိပ်နူးညံ့တယ်။
ခံစား ထိရှလွယ်တယ် ။
ကျွန်တော် စိတ်ထဲမပါပဲ အမှုမဲ့အမှတ်မဲ့ ပြောတဲ့
စကားလေးတစ်ခွန်းက သူ့ကို အရမ်းဝမ်းနည်းသွားစေ
တတ်ပြန်ရော ။
တစ်စိမ့်စိမ့် ကြည်နူးနေတတ်တဲ့ အချိန်ဆိုရင်လည်း
သူမတူအောင် သဘောတွေ ကောင်းနေလိုက်တာများ ။
ကိစ္စ သေးသေးလေး တစ်ခုကတောင် သူ့ကိုပျော်ရင်
ပျော်နေစေတတ်တယ် ။
ရင့်ကျက်ချင်ယောင် သူ ကြိုးစားလေ့ ရှိပေမဲ့
အခုထိ သူ့ စိတ်လေးက အဖြူ ထည်သက်သက်
ကလေးစိတ်လေးရယ် ။
တစ်ချို့ ယောကျာင်္းလေးတွေက ပြောကြတယ်။
မိန်းကလေးတွေ စိတ်က နားမလည်နိုင်ဘူးတဲ့ ။
သြော် . . . သူတို့ စိတ်ကိုတောင် သူတို့ နားမလည်နိုင်တာပါ ။
ဒါကို ကျွန်တော်တို့က သူတို့ကို ပိုပြီး ဂရုစိုက် နားလည်ပေးရမှာပေါ့။
photo-google