မိန်းကလေးတွေ စိတ်ကောက်ပုံအဆင့်ဆင့်
၁။ လိုင်းပေါ်ကနေ out သွားမယ်
၂။ဖုန်းကို အကြိမ်ကြိမ်အခါခါ ချပစ်မယ်
၃။ဖုန်းမကိုင်လို့ ဆိုပြီး ပို့လာတဲ့ Message တွေ ကိုတစ်စောင်ချင်းဖက်ပြီး စိတ်ထဲကနေပဲ Reply ပြန်နေမယ် 😕
၎။နောက်ဆုံး ဖုန်းကို စက်ပိတ်ပစ်မယ်
၅။ ၅ မိနစ်လောက်နေရင် ပြန်ဖွင့်ကြည့်မယ်
၆။ ဘာလဲပြော ဆိုတဲ့ စာတစ်စောင်ပြန်ပို့မယ်
၇။နောက်တစ်ခါဆို နင်နဲ့အပြတ်ပဲနော်လို့ ပြောပြီး ပြုံးစိစိလုပ်နေမယ် 😂😂
၈။သူငါ့ကို တစ်ကယ်ချစ်တာပါလားဆိုပြီး စိတ်ကောက်ရာက အချစ်ဒေပိုတိုးနေလိမ့်မယ်
Ps.သင်ခန်းစာကတော့ မိန်းကလေးဒေ စိတ်ကောက်ပြီဆို စိတ်ရှည်လက်ရှည်ချော့ပါ မိန်းမဆိုတာ ကောက်စရာမရှိရင် ဆံပင်ကိုတရားခံရှာပြီး ကောက်နေတက်တဲ့အမျိုးပါ 😝😝
တစ်ကယ်ချစ်ရင် ချော့ရမှာမပျင်းပါနဲ့😉😉
အချိန်ရတိုင်း သတိရကြောင်းလေး ပြောပြ. သဘောကို ကြလို့
မင်းကလွဲပြီး အခြားမိန်းခလေးများဟာ ဖွဲနဲ့ ဆန်ကွဲဆို ကြိတ်ပြီးပီတိဖြစ်
စိတ်ကောက်တိုင်း ပြန်ချော့ရတာ အချိန်တော့ပေးရသား. .
သူ့အကြိုက် သူ့စကား နားထောင် လိုက်ရင် အဆင်ကိုပြေလို့ပေါ့လေ .
သူဖုန်းဆက်တာ မကိုင်မိလို့ကတော့
အပေါ်ကလို စိတ်တွေ ဆိုးနေပေတော့သတည်း။
by-@scamscam
photo-google