" ငါ့သား .. အဖေ့ကို ဖေ့ဘုတ်သုံးနည်း
သင်ပေးစမ်းကွာ "
" ခမျာ "
အဲဒါမှ ဟုတ်ပေ့ ..ကျုပ်အဖေဆိုတာလည်း
တသက်လုံး keypad ဖုန်းနဲ့ပဲ ၂ပါးသွားလာတဲ့လူ
ဖုန်းတစ်ခါ ခေါ်ဖို့အရေး ဂဏန်းရှာနှိပ်တာကို
အနည်းဆုံး ၁၀မိနစ်ကြာတယ်
အဲဒါတောင် သုံးလာတာ ၆နှစ်ရှိပြီနော်
စဝယ်တုန်းကများဆို ဖုန်းတစ်ခါခေါ်ဖို့အရေး
ဂဏန်းနှိပ်တာ နာရီဝက်ကြာတယ်
ဂဏန်းမှားနှိပ်မိလို့ ခဏခဏ
ဆဲခံရပေါင်းလည်းမနည်းဘူး
အဲ့လောက်ဆို ကျုပ်အဖေရဲ့ ဖုန်းသုံးကျွမ်းကျင်မှုကို
သဘောပေါက်ကြရောပေါ့ .. အခု
အဲလိုလူက ဖေ့ဘုတ်သုံးမယ်ဆိုတော့
ဘယ်လိုများ သင်ပေးရပါ့ .. အဲဒါနဲ့ ကျုပ်လည်း
"အဖေ့ဖုန်းနဲ့ သုံးလို့ မလွယ်ဘူးဗျ "
" အဲ့လောက်တော့ ငါသိပါတယ်ကွာ
ဒီမှာကြည့် "
ဆိုပြ်ီး အိတ်ထဲကနေ
ဟမ်းဆက်တစ်လုံးထုတ်လာတယ်
" ငှယ် "
အိုင်ဖုန်းတဲ့
.. မြင်မြင်ချင်းပဲ
ကျုပ်ရင်ထဲ ဆို့တက်လာတယ် မျက်ရည်တွေဝဲလာပြီး
အသားတွေပါ တုန်လာတယ် .. မတုန်ပဲ
ခံနိုင်ရိုးလား .. သူ့သားဖြစ်တဲ့ ကျုပ်ကိုတောင်
app တစ်ခုဖွင့်ဖို့ ၃နာရီလောက်ကြာတဲ့
တရုတ်ဖုန်းစုတ် sec hand လေးပဲ ဝယ်ပေးခဲ့တာလေ
အဲဒါ ထားတော့ .. လောလောဆယ်စဉ်းစားမိတာက
အကောင့်တစ်ခု ဖွင့်ပေးလိုက်မယ်
သုံးပုံသုံးနည်း နည်းနည်းပြောပြလိုက်မယ်
သူသုံးလို့ အဆင်မပြေရင် ဒီဖုန်းက ကျုပ်အတွက်ပဲ
ဖြစ်လာမယ် .. အဲဒီတော့က
" ဒီဖုန်းဆိုရပီ အဖေ .. အခုပဲ
အကောင့်တစ်ခု ဖွင့်ပေးလိုက်မယ် "
စိတ်ထဲမှာတော့ ပီတိများစွာဖြင့်
ဟျောင်း .. နေအုံးဟ
စွတ်ဖွင့် မနေနဲ့ .. ငါ နာမည်စဉ်းစားထားတာရှိတယ် "
" ငင့် .. အဖေ့နာမည်ပဲဖွင့်ပါလား "
ဟေ့အေး .. ဖွင့်ချင်ဘူး "
" ဒါဆို နာမည်ပြော "
" pinky .. "
" ဟာ .. အဖေ အာ့ မိန်းခေးတွေသုံးတာ "
" ဒါဆို dolly .. "
" ဟာ .. မဟုတ်သေးဘူး "
" Cuttie "
" နီးစပ်လာပီ "
" cuttie love kglay "
" ငှယ် "
ဘယ်လိုမှလည်း ဖျောင်းဖြလို့ မရတော့
ကျုပ်လည်း အဲဒီနာမည်နဲ့ပဲ ဖွင့်ပေးလိုက်ရတယ်
ထိပ်ဆုံး add ခံလိုက်တာကလည်း ကျုပ်ပဲ
အဲဒီနေ့ကစပြီး ကျုပ်လည်း တိုင်ပတ်တာပဲ
မနက်မိုးလင်းတာနဲ့ ယောင်လို့များ အွန်လိုင်းပေါ်
မတက်လိုက်နဲ့ .. တက်လိုက်တာနဲ့
"ငါသား .. နိုးပီလား "
messager ကနေ စာပို့လာတာ
" ဟုတ် .. အဖေ "
ဪ.. အေး မောနီး သား
အဖေ့ကို ချစ်ရင် တစ်ခုခုပြောခဲ့ပါလား "
" ဟုတ် .. မောနီး ပါ ဖေဖေ"
" စွန်းပျော်ပီလေ "
ညယ် ..
အဲဒါနဲ့ မပြီးသေးဘူး နေ့လည်နေ့ခင်း
ဖေ့ဘုတ်ဖွင့်ကြည့်တော့ အွန်လိုင်းမှာ ရှိနေတယ်ဗျာ
ကျုပ်မှာ တစ်အိမ်ထဲနေပြီး chat ပေးရတယ်
ဟျောင့် သားရီး .. အခု မင်းဘယ်မှာတုန်း "
" အိမ်မှာပဲလေ အဖေရဲ့ "
အေး .. ငါ မင်းအွန်လိုင်းတက်လာတာ
စောင့်နေတာ "
" ဟင် .. ဘာလို့ "
" ငါအခု အိမ်သာတက်နေတာ ၂နာရီကျော်နေပီ
ငါ အီးကုန်းစက္ကူမေ့ခဲ့ လို့ .. ယူလာပေးအုံး "
မြတ်စွာဘုရား
အဲလိုနဲ့ပဲ
ကျုပ်အဖေ ဖေ့ဘုတ်သုံးတာ တိုးတက်လာပြီး
အခုဆို check in တွေဘာတွေ ဝင်နေပြီ
ဘယ်နေရာရောက်ရောက် ဓာတ်ပုံရိုက်တင်တယ်
တနေ့ကလည်း သူ့အကောင့်ကနေ ဓာတ်ပုံတင်ပြီး
ကျုပ်ကို Tag တယ် .. ကျုပ်ကလည်း
လက်က အကျင့်ပါနေတော့ haha reaction
ပေးလိုက်တယ် ..
😄😄😄
မကြာပါဘူး .. comment ကနေ လှော်ပါလေရော
ဟျောင့် .. လိမို့ haha reaction ဝင်ပေးနေတာလား "
ကျုပ်ကလည်း ဖအေဆိုတော့ reply မလုပ်ရဲဘူးလေ
စိတ်ဆိုးနေတာကိုး .. အာ့နဲ့ haha ကို ပြန်ဖြုတ်ပြီး
like ပဲ ပြန်ပေးလိုက်တယ်
အဲဒါမှ ပိုဆိုးသွားပါလေရော
" ငလူး ဘာလဲ .. မင်းက သားအဖချင်း ချေတာလား "
" ဟာ .. မဟုတ်ပါဘူး ဖေဖေ "
" စွန်းဝမ်းနည်းလက်ထှာကွာ "
" ဟာ "
အဲဒီနေ့ကစပြီး ကျုပ်မှာ သူ ဘာတင်တင်
အခြေနေပေါ် ကြည့်ပြီး like နဲ့ comment တွေ
ဝင်ပေးရတယ် .. မပေးရင် အဖေက တစ်ပတ်တိတိ
မုန့်ဖိုး ဖြတ်တယ်လေ
အခုတော့ ကျုပ်လည်း အဲဒီ အိုင်ဖုန်းဆိုတာကြီးကို
မမက်တော့ပါဘူး .. အဖေပဲ သုံးပါစေတော့
အဖေလည်း အခုဆိုရင် page တစ်ခုမှာ
admin တောင် ဖြစ်နေပြီ .. ။
၁လလောက် ကြာတော့ ကျုပ်လည်း
နေသားကျလာပြီ .. အဖေနဲ့ လည်း တော်တော်လေး
အဆင်ပြေသွားပြီ .. အဲဒီလို အခြေလေး
ရောက်ရုံရှိသေး နောက်ပြသနာတစ်ခုပါ
ထပ်တိုးလာပါတော့တယ် ..
" ငါ့သား အမေ့ကိုလည်းဖေ့ဘုတ်အကောင့်ဖွင့်ပေးပါလား " တဲ့
သေရော ..
photo-google