တစ်ချို့ တွေ relationship တစ်ခုထဲကို အရမ်းနှစ်မြုပ်သွားပြီးတော့ တစ်ဖက်လူရဲ့ အရေးပါမှုတွေကို ပိုဦးစားပေးလာရပြီး ကိုယ့်ရဲ့ အရေးပါမှုတွေ ဆုံးရှုံးလာရတော့တယ်။ သူ့ ရဲ့ ဖြစ်တည်မှုနဲ့ ပျော်ရွှင်မှုက အရေးကြီးလာပြီး ကိုယ့်ရဲ့ ဖြစ်တည်မှုကို ပျောက်ဆုံးသွားရတယ်။
ဒီလိုနဲ့ ကိုယ့်ရဲ့ တန်ဖိုးဟာ တစ်ဖြည်းဖြည်းပျောက်ဆုံးလာရတော့တယ်… ကိုယ့်ရဲ့ စိတ်ခံစားမှုအားလုံးကို သူ့ ကို ပိုင်စိုးပိုင်နင်းနဲ့ ကြိုက်သလို ချယ်လည်ခွင့်ပေးလိုက်တယ်ဆိုတာမျိုးက အရမ်းကို မိုက်ရူးရဲဆန်လွန်းသွားပြီ။
မေအရမ်းမိုက်ခဲ့ဖူးပါတယ်။ အချစ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး မေ့ရဲ့ identity တစ်ခုလုံးကို ပစ်ပယ်လိုက်ဖူးတယ်။ ဒီလိုနဲ့ ကိုယ်ဟာ သူ့ ရဲ့ နယ်ရုပ်ကလေးတစ်ခုဖြစ်မှန်းမသိဖြစ်လာခဲ့ရတယ်။ ကြုံဖူးလား? သူတို့ ထားခဲ့တဲ့ အချိန်မှာ ကိုယ်က အရုပ်ကြိုးပြတ်ဖြစ်ကုန်ရော။ ဒါပေမယ့် ဒီအတွေ့ အကြုံတွေရဲ့ ရလဒ်ကတော့ အခုမေ့ရဲ့ attitude က မေ့ကို တန်ဖိုးမထားတဲ့ သူနားမှာ လုံးဝမနေဘူးဆိုတဲ့ attitude မျိုးပဲ။
ဒီလိုမျိုး အခိုင်အမာဆုံးဖြတ်ထားပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာတယ်။ ကိုယ်နဲ့ ကိုယ်ရဲ့ relationship ကခိုင်မြဲမှ တစ်ခြားလူတစ်ယောက်နဲ့ relationship ကလည်း ခိုင်မြဲမှာဖြစ်ပါတယ်။
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
ဒီတော့ ညီမလေးတို့ …. ဘယ်လိုလုပ်ကြမလဲ????
ကိုယ့်ရဲ့ ဘ၀မှာ အဓိက -------
ဒါတွေဟာ ကိုယ့်ကိုယ်ကိုယ် အမြဲမေးနေရမယ့် မေးခွန်းတွေပဲ ဖြစ်ပါတယ်။ အဓိကက ကိုယ့်အကြောင်းကိုယ် သိရမယ့် အခြေခံအချက်တွေပဲ။ ဒါတွေကို သေချာရှင်းလင်းပြီး သိထားပြီဆိုရင် ကိုယ့်ဘ၀မှာ ဘာအတွက်ရှင်သန်နေတယ် ဘာကအရေးကြီးတယ်ဆိုတာကို တွေ့ လာရပါလိမ့်မယ်။
တွေ့ လာပြီဆိုရင် ဒီလမ်းကို တည့်တည့်လျောက်လိုက်တော့။ ဒီလိုလုပ်နိုင်ပြီဆိုရင် confidence အရမ်းရှိလာလိမ့်မယ်။ ကိုယ့်ချစ်သူနဲ့ ပြတ်သွားလို့ ဘ၀ပျက်သွားပြီဆိုတာမျိုး လုံးဝမရှိတော့ဘူး။ သူပါပါ မပါပါ ကိုယ်ကတော့ ကိုယ့်ဘ၀အတွက် ကိုယ်တည့်တည့်လျှောက်နေတုန်းပဲ။
Still Rocking! ဒါမျိုးကို လိုချင်တာ။ Self power. Self confidence. Self Value.
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
ခေါ်သလား မမမေးတော့ဘူး။ ခေါ်တယ်ဆိုတာ သေချာလွန်းလို့ ။ များများပေးရင် များများပြန်ရတယ်ဆိုတဲ့ logic က အချစ်မှာတော့ မသက်ရောက်ဘူးရယ်။ ကံအရမ်းကောင်းရင်တော့ သက်ရောက်မှာပေါ့။ ဒါပေမယ့် သေချာကြည့်နော်။ ကိုယ်ကသာ အကုန်ပေးပလိုက်တာ။ ဟိုက ဒါကြီးကို တန်ဖိုးကို မထားတော့တာ။ ဒီစော်က ငါဘာလုပ်လုပ်ပါကွာ၊ ငါ့ကို သူအဆုံးရှုံးမခံနိုင်ပါဘူး ဆိုတဲ့ စိတ်ကြီးက ၀င်သွားရော။ အဲ့လိုနဲ့ ခဲရာခဲဆစ်ရယူရတဲ့ အသစ်အဆန်းတွေနောက်လိုက်သွားရော။ မြောက်ပေးတာတော့ မဟုတ်ဘူး၊ အရမ်းမချစ်ပြနဲ့ ၊ အရမ်းမပေးနဲ့ ။ ပေးလွန်းရင် တန်ဖိုးမဲ့ကုန်တယ်။ ဒါ ဘယ်သူမဆိုအဲ့လိုပဲ။