https://pixabay.com/photos/girl-complained-tears-sadness-1192479/
မျက်ရည်ကျချင်နေတဲ့ကြားက ဟိုဟာကြောင့် ဒီအတွက်ကြောင့်ဆိုပြီး အံကြိတ်နေတာဟာ ခံနိုင်ရည်ရှိလို့တော့မဟုတ်ဘူး။အဲ့ဒါက ဟန်ဆောင်နေတာပါ။တစ်ဆို့နေတဲ့ ရင်ထဲက အစိုင်အခဲကြီးကို အရည်ဖျော်ပြီး မျက်ရည်အနေနဲ့ သွန်ထုတ်လိုက်နိုင်တာကလည်း သတ္တိရှိမှုတစ်ခုပဲ။ဘာမှန်းမသိဘဲ မျက်ရည်ကျချင်နေတာရော ဘာမှန်းသိလို့ မျက်ရည်ကျချင်နေတာရော။ဘာကြောင့်ပဲ မျက်ရည်ကျချင်နေပါမျက်ရည်ကျလိုက်ဖို့ကို ကိုယ့်ကိုယ်ကို ခွင့်ပြုပေးသင့်တယ်။
မျက်ရည်ကျလို့ရော အကုန်အဆင်ပြေသွားမှာလား ဆိုပြီး မေးခွန်းထုတ်ခဲ့ရင်မျက်ရည်ကျတာဟာ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ပါဘူး။ဒါပေမယ့် အနည်းဆုံးတော့ ခံစားရ သက်သာပြီး ရင်ထဲပေါ့ပါးသွားစေမှာတော့ အမှန်ပဲ။
လူဆိုတာ ကြေကွဲလာရင်တော့ မျက်ရည်ဆိုတာ ကျတက်တာပဲ။စိတ်မှာခံစားမှုတွေဟာ မခံမရပ်နိုင်အောင်ဖြစ်လာရင် မျက်ရည်ဆိုတာကျတက်ကြတာပဲ။မျက်ရည်ကျတယ်ဆိုတာက အရှုံးပေးလိုက်တာမဟုတ်ဘူး။ခွန်အားသစ်တွေရလာဖို့အတွက် အားဖြည့်ပေးလိုက်တဲ့သဘောပါနော်။
@sandarkyaw
This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.