*** ရွှေ နှင့် အမေရိကန်ဒေါ်လာ ဆက်နွှယ်မှု ***
ရွှေသည် အဖိုးတန်ရတနာ အဖြစ်သော်လည်းကောင်း ကုန်စည် အဖြစ်သော်လည်းကောင်း သမိုင်းကြောင်းရှည်ကြာစွာ ကုန်စည်အဖြစ်ရော ငွေကြေးအဖြစ်ပါ ကြားခံလဲလှယ်သော ပစ္စည်းဖြစ်သည်။ ရွှေသည် ပျော့ပြောင်းမှု ရှိခြင်း၊ သိပ်သည်းမှု ရှိခြင်း၊ အရောင်တောက်ပခြင်း ၊လိုအပ်သလို ပုံသွင်းနိုင်ခြင်း စသော ဂုဏ်သတ္တိများရှိသည့် သတ္တု ဖြစ်သည်။ ရွှေကို ပိုင်ဆိုင်ထားခြင်းသည် ချမ်းသာခြင်း၏ ပြယုဂ်တစ်ခုဖြစ်သည်။
သမိုင်းကြောင်းအရ အစိုးရများသည် ငွေစက္ကူ များကို ရွှေဖြင့် ကျောထောက်နောက်ခံထား၍ သုံးစွဲခဲ့ကြသည်။ ရွှေ စံချိန်စနစ်ဟု သိထားကြသည်။ ယခု အခါမှာတော့ မည်သည့် ငွေကြေးကို မှ ရွှေကျောထောက်နောက်ခံထားခြင်း မရှိ ကြတော့ပေ။ သို့ သော် ရွှေဈေးနုန်းကို ဖော်ပြရာ၌ အမေရိကန်ဒေါ်လာဖြင့် စံသတ်မှတ်၍ ဖော်ပြရသောကြောင့် ဒေါ်လာနှင့် ရွှေ တို့ အကြား ထူးခြားသော ဆက်နွှယ်မှု ရှိလေသည်။
ရွှေသည် ပကတိတန်ဖိုးရှိသောကြောင့် အက်ဆက်အနေဖြင့် စုဆောင်းရသော တန်ဖိုးကြီး ရတနာ တစ်ပါးဖြစ်သည်။ သို့ သော်လည်း အခြေနေအချိန်အခါအလိုက် ၊ခေတ်အလိုက် ၊ လူကြိုက်များမှု အလိုက် ဈေးနုန်း အတက်အကျ တော့ ရှိလေသည်။ အမေရိကန်ဒေါ်လာကတော့ ကမ္ဘာ့အရန်စုဆောင်းထားရှိမှု အများဆုံး တန်ဖိုးကြီး ငွေစက္ကူ ဖြစ်ပြီး ဒေါ်လာငွေသည် အခြားသောငွေကြေးများထက် တန်ဖိုးတက်လာပါက ရွှေဈေးနုန်းတန်ဖိုး ကျလာမည်။ အဘယ့်ကြောင့် ဆိုသော် ဒေါ်လာဖြင့် ဝယ်ရသော ရွှေကို ဝယ်ယူရန် ငွေများများပို ပေး ရတော့မည်ဖြစ်သော ကြောင့် ဖြစ်သည်။ ပြောင်းပြန်အားဖြင့် ဒေါ်လာငွေတန်ဖိုးကျလာပါက အခြားငွေကြေးတို့တွင် ငွေလဲလှယ်နုန်း လျှော့ကျ သွားသော ကြောင့် ရွှေကို များများဝယ်နိုင်လာပြီး ရွှေတန်ဖိုးတက်လာခြင်းဖြစ်သည်။ ဝယ်လက်များ ခြင်းသည် ဈေးနုန်း နိမ့်နေရာမှ မြင့်တက်လာစေသည်။
ရွှေသည် ဘက်ပေါင်းစုံ အသုံးတည့်သောအက်ဆက် (multi-faceted asset) ဖြစ်ပြီး ပထဝီနိုင်ငံရေးမငြိမ်မသက်ဖြစ်နေစဉ်ကာလများတွင် ဝယ်စုကြလေ့ရှိကြသည်။ ၄င်း အခြေအနေတို့ ငြိမ်သက်သွားပါက ရွှေကို ပြန်ရောင်းထုတ်ကြပြီး သတ်မှတ်ငွေကြေး (Fiat currency) ကို ပြန်ဖော်ကြသည်။
ဆက်နွှယ်မှု ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်သော နည်းလမ်း တစ်ခုရှိသည်။ ကမ္ဘာရှိ လူဦးရေ စုစုပေါင်း ၇.၂ ဘီလီယံ အနက် အမေရိကန်ရှိ လူဦးရေ စုစုပေါင်း ၃၂၀.၅ မီလီယံ ရှိသည်။ ကမ္ဘာ့လူဦးရေ၏ ၅ % ထက်နည်းသော အမေရိကန်နိုင်ငံတွင် သုံးစွဲသော ငွေကြေးမှာ ဒေါ်လာဖြစ်ပြီး ရွှေ ကတော့ တစ်ကမ္ဘာလုံး အနှံ့အပြားတွင် ငွေကြေး အဖြစ်သုံးစွဲ သော ရတနာဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ရွှေကို ဝယ်ယူရန် ငွေသားနှင့်ပေါက်ဈေးကို တွက်ချက်ရာ၌ အမေရိကန် ဒေါ်လာကို အသုံးပြု ၍ လဲလှယ် ရောင်းချမှု မှာ ၉၅ % ခန့် ရှိနေသည်။
ဒေါ်လာနှင့် ရွှေ ဆက်နွှယ်မှု တွင် ဒေါ်လာတန်ဖိုးသည် ရွှေဈေးနုန်းအပေါ် သက်ရောက်နိုင်သည်သာမက အမေရိကန်ဗဟိုဘဏ် အတိုးနုန်းကလည်း ရွှေဈေးနုန်း အပေါ် သက်ရောက်မှု ရှိသည်။ ရွှေ ကို ဝယ်စုထားခြင်းသည် ဘဏ်အတိုးနုန်းကဲ့ သို့ အတိုးမှရသည့် အကျိုးအမြတ်မရှိပေ။ ထို့ ကြောင့် ဘဏ်အတိုးနုန်း တက်လာလျှင် ဒေါ်လာငွေကို ဈေးနုန်းတန်ဖိုးတက်စေပြီး ရွှေဈေးနုန်းတန်ဖိုးကို ကျစေသည်။ ထို့ကြောင့် ဒေါ်လာတန်ဖိုး၏ နေ့စဉ် အတက်အကျ သည် ရွှေဈေးနုန်း အပေါ် လွှမ်းမိုးမှု ရှိလေသည်။
Credit#Nang_Kham_Thiri