ချာပါတီ

Words
83
Reading
1 min
9y
Listen to this post
~1 min

ချာပါတီဆိုတာ ဘာလဲ

ချာပါတီဆိုတဲ့အစားအစာကို တော်တော်များများစားဖူးကြမှာပါ။
ဒီအစားအစာဟာ မြန်မာတို့နဲ့ ရင်းနှီးတဲ့ အိန္ဒိယရိုးရာအစားအစာတစ်ခုဖြစ်ပြီး လူသိများတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ချာပါတီကို roti (ရိုတီ)၊ safati (ဆာဖာတီ)၊ shabaati (ရှဘာတီ) လို့ ခေါ်ဝေါ်ကြပြီး မော်လ်ဒိုက်မှာတော့ roshi (ရိုရှီ) လို့ခေါ်ဆိုကြပါတယ်။ ဂျုံနဲ့ပြုလုပ်ထားတဲ့ ပြားချပ်ချပ်မုန့်ဖြစ်ပါတယ်။ အိန္ဒိယရိုးရာနံနက်စာတွေ ထဲက တစ်ခုဖြစ်ပါတယ်။ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာ တို့မှာလည်း ကျော်ကြားတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ဂျုံမှုန့်၊ ဆား၊ ဒိန်ချဉ်၊ ထောပတ် (သို့) ဆီ၊ ရေ တို့ကို ရောနယ်ကာ ပြုလုပ်ကြလေ့ရှိပြီး အာလူးဟင်း၊ ပဲဟင်းစတာတွေနဲ့ တွဲဖက်စားသုံးကြလေ့ရှိပါတယ်။ ချာပါတီတွေဟာ အိန္ဒိယကနေ တစ်ဆင့် ကမ္ဘာတစ်ဝန်းရွှေ့ပြောင်းသွားလာနေသူတွေဆီကို ပျံ့နှံ့ခဲ့ပြီး အာရှအလယ်ပိုင်း၊ အရှေ့တောင်အာရှ၊ အရှေ့အာဖရိကနဲ့ ကာရေဘီယန်ကျွန်းစုတွေဆီကို ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။ ချာပါတီအစားအစာအကြောင်းဟာ ဘုရင် Abu’l-Fazl ibn Mubarak လက်ထက် ၁၆ ရာစု စာအုပ်တွေမှာပါဝင်ခဲ့ပြီ အဲဒီခေတ်မှာ လူကြိုက်များတဲ့ အစားအစာတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ Indus Valley ဒေသကနေ အစပြုခဲ့တဲ့ အစားအစာဖြစ်ပြီး Indus Valley ဟာ အရည်အသွေးကောင်းတဲ့ ဂျုံတွေ ထွက်ရှိရာဒေသတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

ချာပါတီ | Ecency