Rock and Roll King

Words
149
Reading
1 min
9y
Listen to this post
~1 min

ရော့ခ်အန်ရိုးဘုရင် ပရစ်စလေ

၂ဝ ရာစုအတွင်းနာမည်ကျော်ထင်ရှားခဲ့တဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ရော့ခ်အန်ရိုးတေးဂီတဘုရင်လည်းဖြစ်ပါတယ်။ ပရစ်စလေကို အမေရိကန်နိုင်ငံ၊ Mississippi ပြည်နယ်၊ Tupelo ဒေသမှာ မွေဖွားခဲ့တာဖြစ်ပြီး အသက် ၁၃ နှစ်အရွယ်မှာတော့ Tennessee ပြည်နယ်၊ Memphis ဒေသကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၁၉၅၄ မှာတော့ တေးဂီတလောကထဲ စတင်ဝင်ရောက်ခဲ့ပါတယ်။ ထုတ်လုပ်သူ Sam Phillips နဲ့ အတူ တေးသံသွင်းခဲ့ပြီး အာဖရိကန်နဲ့ အမေရိကန်တေးဂီတ သီချင်းတွေကို သီဆိုဖြန့်ချိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပရစ်စလေဟာ ဂစ်တာသမား Scotty Moore၊ ဘေ့စ်ဂစ်တာသမား Bill Black တို့နဲ့ အတူ ရော့ခ်ဂီတကို ဦးဆောင်လမ်းပြခဲ့ပါတယ်။

image

ကန်းထရီးတေးဂီတနဲ့ ဘလူးတေးဂီတတို့ကို ပေါင်းစပ်ဖန်တီးခဲ့တာလည်းဖြစ်ပါတယ်။ ၁၉၅၅ ခုနှစ်မှာတော့ ဒရမ်သမား D.J Fontana က သူတို့အဖွဲ့နဲ့ လာရောက်ချိတ်ဆက်ခဲ့ပါတယ်။ ပရစ်စလေရဲ့ ပထမဆုံးအယ်လ်ဘမ် Heartbreak Hotel ကိုတော့ ၁၉၅၆ ခုနှစ် ဇန်နဝါရီလမှာ စတင်ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ တေးအယ်လ်ဘမ်ဟာ အမေရိကန်မှာ ရောင်းအားအကောင်းဆုံးဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ ရော့ခ်အန်ရိုးသီချင်းတွေဟာ ကျော်ကြားခဲ့ပြီး ရုပ်မြင်သံကြားတွေမှာလည်း အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့ သီဆိုပုံနဲ့ ပါဖောမန့်ပြုလုပ်တင်ဆက်ပုံတွေကလည်း လူကြိုက်များခဲ့ပါတယ်။ ၁၉၅၆ ခုနှစ်မှာတော့ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Love Me Tender ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှာတော့ စစ်မှုထမ်းခဲ့ပြီး တာဝန်တွေပြီးမြောက်ခဲ့ချိန်မှာတော့ သူ့ရဲ့ အကောင်းဆုံးတင်ဆက်ခဲ့မှုတွေကို ပြန်လည်မိတ်ဆက်ခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်မှာတော့ ပထမဆုံးတေးဂီတဖျော်ဖြေပွဲကို ဖျော်ဖြေခဲ့ပြီး ဟာဝိုင်အီမှာရှိတဲ့ Aloha မှာ ပြုလုပ်ခဲ့ပါတယ်။

image

အသက် ၄၂ နှစ်အရွယ်ဖြစ်တဲ့ ၁၉၇၇ ခုနှစ်မှာတော့ နှလုံးရောဂါကြောင့် သေဆုံးခဲ့ပါတယ်။ သူသေဆုံးခဲ့ပေမယ့် သူ့ရဲ့ အမည်နဲ့ ဖျော်ဖြေမှုတွေဟာ မသေဆုံးပဲ လက်ရှိအချိန်အထိ အများပြည်သူကြားထဲ လွှမ်းမိုးနေဆဲဖြစ်ပါတယ်။ သူဟာ ၂ဝ ရာစုရဲ့ လွှမ်းမိုးမှုအရှိဆုံး အဆိုတော်တစ်ဦးဖြစ်ခဲ့သလို ရောင်းအားအကောင်းဆုံးတေးအယ်လ်ဘမ်ပိုင်ရှင်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ သူဟာ တေးဂီတဆိုင်ရာဆုဖြစ်တဲ့ ဂရမ်မီဆုကိုလည်း အသက် ၃၆ နှစ်အရွယ်မှာ လက်ခံရယူနိုင်ခဲ့ပါတယ်။ သူဟာ ဇနီးဖြစ်တဲ့ ပရစ်ဆယ်လာပရစ်စလေနဲ့ ၁၉၆၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၁၉၇၃ မှာ ကွဲကွာခဲ့ပါတယ်။ လီဆာမာရီပရစ်စလေဆိုတဲ့ သမီးတစ်ဦးကို မွေဖွားထားပါတယ်။

Credit - google photo

Rock and Roll King | Ecency