အဘူဒါဘီဂရင်းပရီမှာ ကားနဲ့လမ်းကြောင်း မကိုက်ညီကြောင်း ဟာမီတန်ပြောကြား
အဘူဒါဘီဂရင်းပရီပြိုင်ပွဲကျင်းပရာ The Yas Marina ကားမောင်းပတ်လမ်းဟာ သိပ်ကောင်းတဲ့ ပတ်လမ်းတစ်ခုဖြစ်ကောင်းဖြစ်နေပါလိမ့်မယ် ။
ဒါပေမယ့် ဟာမီတန်ကတော့ အဆိုပါပတ်လမ်းဟာ ဖော်မြူလာဝမ်းကားတွေနဲ့ ကိုက်ညီမှုမရှိကြောင်း ပြောကြားလို်က်ပါ တယ်။ အဆိုပါ ဂရင်းပရီပြိုင်ပွဲမှာ ဟာမီတန်ဟာ သူနဲ့ တစ်သင်းတည်းကားမောင်းသမား ဗော်တာရီ ဘော့တက်စ်ကို နောက်ကနေ အကြိမ်ကြိမ် ကျော်တက်ဖို့ကြိုးစားရာမှာ ကျော်တက်မရ ဖြစ်ခဲ့ ရပါတယ်။ အကြိမ်တိုင်းမှာ ဟာမီတန်ဟာ ဘော့တက်စ်ရဲ့ ကားနောက်ပိုင်းကို မီလုနီးပါးဖြစ်ခဲ့ရပေမယ့် ကျော်တက်ဖို့တော့မမီနိုင်ဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဘော့တက်စ်က ပထမနေရာမှပန်းဝင်နိုင်ခဲ့ပြီး ဟာမီတန်ကတော့ ဒုတိယ နေရာမှသာ ကျေနပ်ခဲ့ရပါတယ်။ “ တကယ်ကောင်းတဲ့ ကားမောင်းပတ်လမ်းတွေပါ။ ဒါပေမယ့် ကားတွေနဲ့တော့သိပ်ပြီး ကိုက်ညီမှု မရှိပါဘူး။ နောက်ဆုံးအပတ်မှာ လုံးဝလိုက်မမီနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ဒါဟာ အဆိုးဆုံး လမ်းကြောင်းအပတ်ရေတွေထဲက တစ်ခုပါပဲ။ ကျော်တက်နိုင်ဖို့ (၁.၄)စက္ကန့် လောက်ပဲလိုအပ်ခဲ့တယ်။ ကျွန်တော်တို့ တူညီတဲ့ ကားအနေအထားမှာ အနီးကပ်ဆုံး မောင်းနှင်နိုင်ခဲ့ပေမယ့် သူအမှားတစ်စုံတစ်ရာကြုံတွေ့မှသာ ကျွန်တော်ကျော်တက်နိုင်မယ့် အခွင့်အရေးအမျိုးဖြစ်ခဲ့တယ်။ ” လို့ ဟာမီတန်ကပြောကြားခဲ့ပါတယ်။ အဘူဒါဘီကားမောင်းပြိုင်ပွဲရဲ့ အဆိုပါ ကားမောင်းပတ်လမ်းကို ဒီဇိုင်းရေးဆွဲခဲ့သူ ဟာမန်တစ် ကတော့ ကားတွေကျော်တက်ရာမှာ အဆင်ပြေစေဖို့အတွက် ဒီဇိုင်းပြောင်းလဲရေးဆွဲဖို့ကို ဆွေးနွေးနေကြောင်းပြောပါတယ်။ “ လမ်းအချိုးအကွေ့ထောင့်တစ်ခုကို ပြောင်းလဲဖို့ စိတ်ကူးရှိပါတယ်။ ဒါဟာ အသေးအဖွဲ ပြောင်းလဲမှုဖြစ်ပေမယ့် ကားတွေကျော်တက်ဖို့အတွက်တော့ အများကြီးအထောက်အကူပြု လာမှာပါ။ ဆွေးနွေးနေပါတယ်။ ” လို့ ကားမောင်းပတ်လမ်းဒီဇိုင်းရေးဆွဲသူ ဟာမန်တစ်က ပြောပါတယ်။ ယခုနှစ်ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲဖြစ်တဲ့ အဘူဒါဘီဂရင်းပရီမှာ ယခုလို ကားနဲ့ လမ်းကြောင်း ကိုက်ညီမှုမရှိတဲ့အတွက် ဒါဟာ ရှက်စရာတစ်ခုဖြစ်ကြောင်းပြောကြားခဲ့ပါ တယ်။ ဟာမီတန်ကပြောကြားရာမှာ – “ သိပ်ပြီးလှပလွန်းတဲ့ အဘူဒါဘီလိုနေရာမျိုးမှာ အားလုံးအ တွက် ပျော်စရာအချိန်တွေချည်းပါပဲ။ တကယ်လို့ ဒီကားမာင်းပတ်လမ်းကို နောက်ပြိုင်ပွဲတွေ မှာ ပြန်မပြင်နိုင်ဘူးဆိုရင် ကားကျော်တက်မှုတွေမှာ အခက်အခဲတွေရှိနေအုံးမှာပဲ။ တကယ်လို့ ပြုပြင်နိုင်ရင်တော့ ပိုကောင်းလာမှာပါ။ ကျွန်တော်ထင်ပါတယ် ။အကောင်းဆုံး ကားမောင်း ပတ်လမ်းတွေထဲက တစ်ခုဖြစ်လာမှာပါ။ သူတို့ တကယ်ပြင်မှာလား မပြင်မှာလားတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူတို့ဆီမှာ ဒါကိုပြုပြင်နိုင်လောက်တဲ့ ငွေကြေးအလုံအ လောက်ရှိပါတယ်။ နောက်တစ်ကြိမ် အဘူဒါဘီဂရင်းပရီမှာ ပိုကောင်းလာဖို့ မျှော်လင့်ပါ တယ်။ ” လို့ဆိုပါတယ်။
Ref : foxsportsasia