Guinness

Words
82
Reading
1 min
9y
Listen to this post
~1 min

တောင် ၂ ခုအကြား ကြိုးတန်းပေါ်လမ်းလျှောက်ပြီး ဂရင်းနစ်စံချိန်တင်ခဲ့သူ

ဒီတစ်ပတ်ရဲ့ Guinness World Record ကဏ္ဍမှာတော့ တောင် ၂ ခုအကြား မျက်လုံးအုပ်ကာ ကြိုးတန်းပေါ်လမ်းလျှောက်ပြီး စံချိန်တင်တဲ့ ဂရင်းနစ်မှတ်တမ်းအကြောင်း တင်ပြချင်ပါတယ်။

ပြင်သစ်နိုင်ငံသားတစ်ဦးဟာ ပေပေါင်း ၁၃ဝဝ ကျော်ရှည်တဲ့ ကြိုးတန်းပေါ် လမ်းလျှောက်ခဲ့တာဖြစ်ပြီး ၂၅ မိနစ်ကျော်အချိန်နဲ့ လမ်းလျှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ Shimenguan Yangbi Dali China International ကောင်းကင်လမ်းပေါ်မှာ စိန်ခေါ်မှုနဲ့ လမ်းလျှောက်ခဲ့တာလည်းဖြစ်ပါတယ်။ သူဖြတ်သန်းလျှောက်ခဲ့တဲ့ ကြိုးလမ်းရဲ့ အောက်ခြေအနက်ဟာ ၁၅ဝဝ ပေကျော်နက်ပါတယ်။

ဒီအမျိုးသားဟာ လူသိုင်းကြိုးနဲ့ အထိန်းပြုလုပ်ပြီးနိုင်လွန်ကြိုးလမ်းပေါ်လမ်းလျှောက်ခဲ့တာဖြစ်ပါတယ်။

သူဟာ လမ်းတစ်လျှောက်သေချာသတိပြုပြီး အမှားမယွင်းမရှိ လျှောက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။သူဟာ ရင်ဖိုဖွယ် အခိုက်အတန့်ကို ကျော်ဖြတ်ခဲ့ရတာဖြစ်ပြီး သူ့အနေနဲ့ မျက်လုံးမှိတ်ပြီး လျှောက်လှမ်းရတာဖြစ်တဲ့အတွက် အချိန်အဆကို ညီမျှအောင် ထိန်းညှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါဟာ တရားထိုင်တာနဲ့လည်း အလားသဏ္ဍာန်တူတယ်လို့ ပြောကြားခဲ့ပါတယ်။ သူဟာ အဲဒီလို လုပ်ဆောင်မှုမျိုးကို လွန်ခဲ့တဲ့ ၄ နှစ်ကလည်း ပြုလုပ်ခဲ့ဖူးပြီး အဲဒီအချိန်က ပန်းခြံတစ်ခုထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူ ဂရင်းနစ်စံချိန်တင်ခဲ့တဲ့ ဒီဖြစ်ရပ်ကို အောက်ဖော်ပြပါလင့်ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Ref : Guinness World Record

Guinness | Ecency