Dogs

Words
139
Reading
1 min
9y
Listen to this post
~1 min

သစ္စာစောင့်သိ ခွေးလိမ္မာလေးများ

လူသားတွေနဲ့ ခွေးလေးတွေဟာ အရင်နှစ်ပေါင်းများစွာကတည်းက ထူးခြားတဲ့ဆက်ဆံရေးလေး ရှိခဲ့ကြပါတယ်။

ခွေးလေးဟာ အသိဥာဏ်မြင့်တဲ့ တိရိစ္ဆာန်ဖြစ်ပြီး လူသားတွေအပေါ်မှာ သစ္စာစောင့်သိတတ်ပါတယ်။ ခွေးလေးတွေက လူတွေအတွက် သူငယ်ချင်းလို၊ မိတ်ဆွေလို၊ လုံခြုံရေးကောင်းတစ်ခုလို၊ သားသမီးတွေလို တန်ဖိုးရှိတဲ့ တိရစ္ဆာန်လေးပဲဖြစ်ပါတယ်။

သခင်တွေပေါ်သစ္စာစောင့်သိတဲ့ ခွေးအမျိုးအစားအချို့အကြောင်းကို ပရိသတ်တွေသိစေဖို့အတွက် ပြောပြပေး လိုက်ပါတယ်။

(၁) Rough Collie

image

အကောင်မကြီးတကြီးအရွယ်အစားနဲ့ အလွယ်တကူသင်ပေးနိုင်တဲ့ ဒီခွေးအမျိုးအစားရဲ့ မူလအစကတော့ စကော့တလန်ကဖြစ်ပါတယ်။ ရင်းနှီးလွယ်ပြီးတော့ အသိဥာဏ်မြင့်မားတဲ့ အမျိုးအစားဖြစ်ပါတယ်။ သခင်တွေကို သိပ်ချစ်ပြီး အကာအကွယ်ပေးတတ်ပါတယ်။

တစ်ချိန်က ဆက်စ်စေ ဆိုတဲ့ Rough Collie အမျိုးအစား စွမ်းဆောင်ရည်မြင့်မားပြီး ချစ်စရာကောင်းတဲ့ ခွေးမလေးတစ်ကောင်ရှိပါတယ်။ အဲဒီခွေးမလေးကို သေချာလေ့ကျင့်ပေးထားတာကြောင့် သူရဲ့ အနံ့ခံအာရုံ စွမ်းရည်နဲ့ တစ်ယောက်ယောက် အန္တရာယ်တွေ့ရင် သူမကပြောပြပေးနိုင်ပါတယ်။

သူမကို မွေးထားတဲ့ မိသားစုမှာ သားလေးတစ်ယောက်က ဝက်ရူးပြန်ရောဂါ ဖြစ်နေတာကြောင့် သူတို့သားလေး ရောဂါ ဖောက်တဲ့ အခါ ခွေးမလေးက ပြောပြနိုင်ဖို့ သူတို့မိသားစုက မျှော်လင့်ပြီး သင်ကြားပေးခဲ့တာပါ။

(၂) German Shepherd

image

ဒီခွေးအမျိုးအစားကိုတော့ များသောအားဖြင့် စစ်တပ်တွေနဲ့ ရဲတွေအတွက် အသုံးပြုကြပါတယ်။ ဟိုးအရင် လွန်ခဲ့တဲ့ ၁၈၀၀ ပြည့်နှစ်တွေကတည်းက ဒီခွေးအမျိုးအစားကို ဂျာမနီနိုင်ငံမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သင်ကြားရလွယ်ကူပြီး သိပ်ကိုတက်ကြွတဲ့ ခွေးအမျိုးအစားဖြစ်ပါတယ်။

တစ်ခါက မိုတီလို့ခေါ်တဲ့ ဂျာမန်ခွေးလေးဟာ သူတို့အိမ်ထဲကို သေနတ်ကိုင်ထားတဲ့ လူတစ်ဦး လုယက်ဖို့ ရောက်လာချိန် သူကသခင်တွေကို ကာကွယ်ဖို့ ရဲရဲရင့်ရင့်နဲ့ သေနတ်ကိုင်ထားတဲ့ လူရဲ့လက်ကို ဖမ်းအုပ်ပြီး ကိုက်လိုက်နိုင်တာကြောင့် သူ့အိမ်သားတွေ အန္တရာယ်ကင်းခဲ့ပါတယ်။

(၃) Beagle

image

ဒီခွေးအမျိုးအစားကတော့ အမဲလိုက်ခွေးအမျိုးအစားဖြစ်ပါတယ်။ အရမ်းအနံ့ခံကောင်းတာကြောင့် အိမ်တွေမှာ အစောင့်အဖြစ် မွေးမြူကြပါတယ်။ ဒီခွေးလေးတွေရဲ့ မူလအစကတော့ ဗြိတိန်ဘက်ကဖြစ်ပါတယ်။ သခင်တွေကို အရမ်းချစ်တတ်ပြီး စောင့်ရှောက်ပေးတဲ့ ခွေးအမျိုးအစားဖြစ်ပါတယ်။

တစ်ခါက ဘယ်လ်လာဆိုတဲ့ ခွေးလေးတစ်ကောင်ဟာ သူ့သခင်အသက်ကို ကယ်ပေးခဲ့ဖူးပါတယ်။ ရောဂါသည်ဖြစ်တဲ့ သူ့ရဲ့သခင် အသည်းအသန်ဖြစ်နေတဲ့အချိန်မှာ သူကအရေးပေါ်ဖုန်းကို ဆက်ပြီးခေါ်ခဲ့ပါတယ်။ သူကယ်တင်ခဲ့တာကြောင့် သူမရဲ့သခင်ဟာ အသက်ချမ်းသာရခဲ့တာ ဖြစ်ပါတယ်။

Credit - google photo

Dogs | Ecency