ကလေးခိုးသူများဟုအထင်မှားခံရကာ ဂျာနယ်လစ်များ ရိုက်နှက်ခံရ

Words
132
Reading
1 min
Listen
Play
8y


ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းများမှ ရိုဟင်ဂျာကလေးငယ်များ လူကုန်ကူးခံရခြင်းတွေ ဆက်တိုက်ဖြစ်ပေါ်နေချိန်တွင် ကလေးခိုးရန် လာသည်ဟု အထင်မှားကာ ဖေဖေါ်ဝါရီလ ၂၁ရက်နေ့က ကူတူးပါလောင် ဒုက္ခသည် စခန်း၌ ဂျာနယ်လစ် လေးဦးကို ရိုက်နှက်မှု ဖြစ်ပွားခဲ့ပါတယ်။

ရိုက်နှက်ခံရသူ ဂျာနယ်လစ် လေးဦးအနက် သုံးဦးမှာ ဂျာမန်လူမျိုးများ ဖြစ်ကြပြီး တစ်ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားပဲ ဖြစ်ပါတယ်။ ဂျာမန်လူမျိုး ဂျာနယ်လစ်သုံးဦးက ရိုဟင်ဂျာကလေးငယ်တွေရဲ့ အကြောင်းကို ရိုက်ကူးရန်ရောက်လာခြင်းဖြစ်ပြီး ဒုက္ခသည် စခန်းမှ ရိုဟင်ဂျာကလေးငယ် တစ်ချို့ကို ကားပေါ်တင်၍ အရုပ်လက်ဆောင်များ ဝယ်ပေးရန် ဈေးသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဈေးထဲသို့ရောက်ချိန်တွင် ကားထဲမှ ကလေးငယ်များ ငိုနေသည်ကို အနီးနားပတ်ဝန်းကျင်ရှိ လူကြီးများကတွေ့ရှိကာ ကလေးများကိုသွားရောက် မေးမြန်းချိန်တွင် မည်သည်မျှ ပြန်လည်ဖြေဆိုခြင်းမရှိပဲ ဆက်လက် ငိုနေသည်ကို တွေ့ရှိခဲ့ပါတယ်။

ထိုအခြေနေကို တွေ့ရှိခဲ့ကြသော ရိုဟင်ဂျာများက စိတ်ပူပန်မှုများကြောင့် နားလည်မှုလွှဲကာ ဂျာနယ်လစ်များကို စတင်ရိုက်နှက်ခဲ့ပါတယ်။ ထိုသို့ဖြစ်ပွားနေချိန်တွင် နေမြေခံ ရဲတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိသည့် ဂျာမန် ဂျာနယ်လစ်များ၏ အမည်များမှာ Youcho Lyoli, Astatu Apalနှင့် Grands Stafoတို့ဖြစ်ကြပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်သည့် ဂျာနယ်လစ် မူဟမ္မဒ် စီဟာဘူဒိန်က ပုဂ္ဂလိက ရုပ်မြင်သံကြားဌာန တစ်ခုဖြစ်သည့် Boishakhi ၏ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

ဒေသခံများထံမှ မေးမြန်းစုံစမ်းမှုအရ ထိခိုက်ဒဏ်ရာရရှိတဲ့ ဂျာနယ်လစ်တွေကို နီးစပ်ရာ ဆေးခန်းများတွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဆေးကုသရန်ခေါ်ဆောင်သွားကြောင်းနှင့် ဆေးကုသမှုခံယူလျက်ရှိနေကြောင်း သိရှိရပါတယ်။ ၂၀၁၇ခုနောက်ပိုင်းတွင် ရိုဟင်ဂျာ ကလေးငယ်များ ရာနှင့်ချီကာ လူကုန်ကူးခံခဲ့ကြရပြီး ယနေ့ချိန်ထိ အလားတူဖြစ်ရပ်များ ဆက်လက်ဖြစ်ပွားလျက် ရှိနေပါတယ်။ လူကုန်ကူးသူများ လက်ချက်ကြောင့် ပျောက်ဆုံးသွားသည့် ကလေးငယ်တစ်ချို့၏ မိဘများက ယနေ့ထိတိုင် မိမိတို့၏ သားသမီးများ အသက်ရှင်လျက် ရှိနေခြင်း၊ မရှိနေခြင်းကိုပင် မသိရှိရပေ။

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%81%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%b0%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%9f%e1%80%af%e1%80%a1%e1%80%91%e1%80%84%e1%80%b9%e1%80%99%e1%80%bd/
ကလေးခိုးသူများဟုအထင်မှားခံရကာ ဂျာနယ်လစ်များ ရိုက်နှက်ခံရ | Ecency