ပိုက်ဆံကို များများရှာနိုင်သူ ဇွဲဆိုတဲ့စကားလုံးကို ကြိုက်ပါတယ်။ အဓိပ္ပာယ်အတိုင်း ကြိုးစားနေပါတယ်။
ပိုက်ဆံကို သာမန်ရှာနိုင်သူ ဇွဲဆိုတဲ့ အရာကလိုအပ်ပါတယ်။
ပိုက်ဆံကို သိပ်မရှာနိုင်သူ သိပ်စိတ်ညစ်ဖို့ကောင်းတဲ့ စကားလုံးပါ။
ပိုက်ဆံကို လာပါလို့ခေါ်ဖို့ဆိုတာ ဘုရားမှာဆုတောင်းရုံနဲ့တော့ မရပါ။ ကိုယ်ကိုတိုင်လည်း ကြိုးစားရမှာပါ။
သာမန်ကြိုးစားရုံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါ။အလုပ်မှာ ပင်ပန်းပင်မဲ့လည်း ဇွဲရှိရှိလုပ်နေခဲ့ရင် ကိုယ်ရဲ့ အရည်အချင်းက တဖြည်းဖြည်းတောက်ပြောင်လာမှာပါ။
ပိုက်ဆံအိတ်ကိုသန့်ရှင်းအောင်ထားပါ။
မေးခွန်း။ ပိုက်ဆံအိတ်က သန့်ရှင်းနေရဲ့လား။
ပိုက်ဆံကို များများရှာနိုင်သူ အမြဲတမ်း သန့်ရှင်းနေပြီး ပိုက်ဆံကို သပ်သပ်ရပ်ရပ်လည်း စီထည့်ထားပါတယ်။
ပိုက်ဆံကို သာမန်ရှာနိုင်သူ ပိုက်ဆံအိတ်က သန့်ရှင်းရေးဟုတ်လား။ သာမန်ပေါ့။
ပိုက်ဆံကို သိပ်မရှာနိုင်သူ ပိုက်ဆံအိတ်ထဲမှာ ဘာတွေမှန်းကို မသိဘူး။ အမြဲတမ်း ရှုပ်နေတာပါပဲ။
ပိုက်ဆံအတွက်ကတော့ ပိုက်ဆံအိတ်ကတော့ သူ့အတွက် ခဏတည်းရသော ဟော်တယ်ပါ။ သူ့အခန်းလေးက သန့်ရှင်းနေရင်တော့ ကြာကြာတည်းချင်မှာပေါ့နော်။
ဒါကြောင့် ကိုယ့်ရဲ့ပိုက်ဆံအိတ်ကလေးကို သန့်သန့်ရှင်းရှင်းလေးထားရင် အဆင်ပြေလာမှာပါ။
ရရင်ကောင်းမယ် မဟုတ်ပဲ ရကိုရမယ်လို့ တွေးပါ။
မေးခွန်း။ လိုချင်သောပိုက်ဆံကိုရရင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားထားပြီလား။
ပိုက်ဆံကို များများရှာနိုင်သူ ဟုတ်ကဲ့။ စဉ်းစားပြီးသားပါ။
ပိုက်ဆံကို သာမန်ရှာနိုင်သူ ရရင်ကောင်းမှာပဲလို့သာ တွေးထားပါတယ်။
ပိုက်ဆံကို သိပ်မရှာနိုင်သူ အိမ်မက်တခုပါ။
ပိုက်ဆံက ကိုယ့်ဆိုရောက်လာဖို့ဆိုတာ ဘာကိုလိုချင်လို့ ဘယ်လောက်ရအောင်လုပ်ရမလဲဆိုတာကို အသေးစိတ် စဉ်းစားဆုံးဖြတ်ထားဖို့လိုပါတယ်။
အဲဒါကို လိုချင်တယ်။ ရရင်ကောင်းပါတယ်လို့ မတွေးပဲ ရအောင်ယူမယ်လို့တွေးထားရမှာပါ။
Crd by @richestmen