လေ့လာရမယ်​ဗဟုသုတပညာရပ်

Words
75
Reading
1 min
8y
Listen to this post
~1 min

ဇွဲရှိလို့ဆိုတာ..သူတို့ဘာကြောင့် ဇွဲရှိကြတာလဲ..ဘာဖြစ်လို လွယ်လွယ်နဲ့ စိတ်ပျက်လက် မလျှော့လိုက်ကြတာလဲ အဲဒါဟာ အရေးကြီးဆုံးမေးခွန်းတခုပါ..သူတို့ဟာ လောလောဆယ်မှာ အကြိမ်ကြိမ်ကျရှုံးနေပေမဲ့ နောက်ဆုံးတနေ့မှာ အောင်မြင်မှု မလွဲမသွေရကိုရမယ်လို့ ယုံကြည်မှုရှိနေကြတယ် ဘာလို့ သူတို့မှာ ယုံကြည်မှုရှိနေရတာလဲ..အဖြေက ရှင်းပါတယ်..
သူတို့မှာ အကောင်းမြင်စိတ်ရှိလို့ပါ...

တကယ်တမ်းကျတော့ ကိုယ့်ကြိုးစားမှု မအောင်မြင်တဲ့အခါ စိတ်ဓါတ်ကျတတ်တာ လူ့သဘာဝပါ..အကောင်းမြင်စိတ်ရှိသူရဲ့ သာမန်လူတွေနဲ့မတူတာက သူတို့ဟာ ကျရှုံးတာကို လက်ခံကြတယ်။ ဘယ်လုပ်ငန်းလုပ်လုပ် တကြိမ်ထဲနဲ့ အောင်မြင်တယ်ဆိုတာ လောကကြီးမှာ မရှိဘူးဆိုတာ နားလည်သဘောပေါက်ထားတယ်
သူတို့ဟာ ကျရှုံးရခြင်းရဲ့အကြောင်းရင်းက လုပ်ပုံလုပ်နည်းစံနစ်မမှန်လို့ဆိုပြီး နောက်တနည်းနဲ့ကြိုးစားပြန်တယ်
အဲဒီနည်းမအောင်မြင်ပြန်တော့လဲ နောက်တနည်းပြောင်းရင်း နောက်ဆုံးကျတော့လဲ အောင်မြင်သွားခဲ့ကြတာပါ...
image

စာဖတ်ရင်းနဲ့ သူတို့လိုအကောင်းမြင်စိတ်မရှိချင်ဘူးလား..
လူတိုင်း ရှိချင်ကြတာပါပဲအပြောလွယ်သလောက် လက်တွေ့ကျင့်သုံးနိုင်ဖို့ခက်ပါတယ်။တချို့ကတော့ မွေးကတဲက အကောင်းမြင်စိတ်ပါရမီပါခဲ့ကြတယ်..
အဲဒီလူမျိုးတွေထဲမှာ သင်မပါလို့ စိတ်ဓါတ်မကျပါနဲ့ အကောင်းမြင်စိတ်ဆိုတာ မွေးမြူလို့ ရပါတယ်..
image
ဒါက ဖတ်ဖူးခဲ့တဲ့စာအုပ်တအုပ်က အကြံပေးချက်လေးပါ..လုပ်ကြည့်ပေါ့။ ငွေကုန်ခံစရာမလိုလို့ အရှုံးမရှိပါဘူး..

မနက်အိပ်ယာထလို့ အလုပ်မသွားခင် မှန်ရှေ့မှာရပ်ပြီး အခုလိုစကားကို မိမိနားနဲ့ကြားအောင် ပြောပါ..
ဒီနေ့ ငါကြုံတွေ့နေရတဲ့အခက်အခဲတွေကို ငါဖြေရှင်းနိုင်တယ်” ဆိုတဲ့စကားလေးကို ၅ကြိမ်ကနေ ၁ဝကြိမ်လောက်အထိအထပ်ထပ်အခါပြောပေးပါ..ဒါဘာလုပ်တာလဲ..

image
Crd by richestmen@richestmen

လေ့လာရမယ်​ဗဟုသုတပညာရပ်​ | Ecency