Good Life Time Knowledge

Words
6
Reading
1 min
Listen
Play
9y

ဘဝအတွက်​အကျိုးရှိ​အောင်​​နေထိုင်​နည်း
လူတစ်​​ယောက်​သည်​​ကောင်း​သောအ​လေ့အထများရရှိ​စေရန်​မိမိတို့ကိုယ်​တိုင်​အ​လေ့အကျင့်​​ကောင်းများကို​နေ့စဉ်​အမြဲမပြတ်​​လေ့ကျင်​ပြုစုပျိုး​ထောင်​​ပေးဖို့လိုအပ်​ပါသည်​။အ​လေ့အကျင့်​​ကောင်းမှအ​လေ့အထ​ကောင်း´´သို့ဆိုတဲ့ဆိုရိုးစကား​လေးလိုပင်​အ​လေ့အကျင့်​​ကောင်းမှသာမိမိတို့ဘဝများ​ကောင်းမွန်​အကျိုးရ​ရှိမည်​ဖြစ်​ပါသည်​။လူသားတို့သည်​တစ်​ဦးနှင့်​တစ်​ဦးအ​နေအထိုင်​၊အကျင့်​စရိုက်​၊အ​ပြောအဆိုများမတူညီကြပါ။လူတိုင်းပင်​အ​ကောင်းနဲ့အဆိုးဒွန်​တွဲ၍​နေကြသည်​သာပင်​ဖြစ်​၏။ထိုကဲ့သို့အ​ကောင်းနဲ့အဆိုးဒွန်​တွဲ​နေ​သောဘဝများထဲမှမတူကွဲပြား၍​ကောင်း​သောဘဝရပ်​တည်​မှုဖြစ်ရန်​အ​လေ့အကျင့်​​ကောင်း´´များကို​မွေမြူအားထုတ်​လျှင်​ဖြစ်​နိုင်​ပါသည်​။လူတို့၏ပင်​ကိုယ်​ဗီဇနှင့်​အကျင့်​စရိုက်​လက္ခဏာများကိုမူတည်​၍၊ဘဝရှင်​သန်​ရပ်​တည်​မှုများလဲကွဲပြားခြားနားကြရ၏။အချို့​သောလူတို့မှာ​မွေးရာပါပင်​ကိုယ်​ဗီဇအကျင့်​ဆိုး​သော​ကြောင့်​မည်​သို့မျှပြုပြင်ဆုံးမ၍မရသည်​လည်းရှိပါတယ်​။ထိုလူတို့ကိုအ​ကြောင်းပြု၍​ရှေးလူကြီးများက`​မွေးသ​န္တေ​သေမှ​ဖျောက်​´´၊သင်​လျှင်​တတ်​တယ်​ဇာတ်​မစွန့်​ဘူး´´ဟူ၍ဆိုရိုးစကားများထားရှိခဲ့ကြ၏။အချို့​သောလူတို့မှာမူဗီဇမ​ကောင်း၍ဆိုသွမ်းမိုက်​မဲ​နေကြ​သော်​လည်းမိမိ​ကြောက်​ရွံ့​လေးစားရ​သောပုဂ္ဂိုလ်​တစ်​ဦး၂နှင့်​​တွေ့ခါ၊​ကောင်းမွန်​​သောသွန်​သင်​ဆုံးမမှုကိုခံရလျှင်​ပြုပြင်​၍လူ​ကောင်းသူ​ကောင်းများဖြစ်​သွားကြပါတယ်​။ image​မွေးရာပါပင်​ကိုယ်​ဗီဇစရိုက်​​ကောင်းမွန်​သူတို့မှာမူကိုယ်​ပိုင်​အသိဥာဏ်​ဖြင့်​ဆင်​ခြင်​၍မိမိတို့ဘဝများကိုထိန်းသိမ်း​စောင့်​​ရှောက်​​နေထိုင်​ကျင့်​ကြံသဖြင့်​ကြီးမား​သောပျက်​ပြားမှုများမရှိပဲ၊ဘဝကို​ကောင်းမွန်​စွာတည်​​ဆောက်​​နေထိုင်​ကြပါသည်​။လူတစ်​​ယောက်​အတွက်​​ကောင်းမွန်​​သောအ​လေ့အကျင့်​နှင့်​​ကောင်း​သောဘဝများကိုအကျိုးရှိရှိတည်​​ဆောက်​နိုင်​ရန်​မှာ
ရတနာ(၃)ပါးနဲ့တကွ၊လူကြီးမိဘ၊ဆရာသမား´တို့၏အဆုံအမသည်​မရှိမဖြစ်​အ​ရေးကြီးလိုအပ်​ပါသည်​။လူတွင်​မူလ´´ဟူ​သောစကား​လေးအတိုင်းပင်​ကာယကံရှင်​မိမိတို့၏ကျင့်​ကြံလိုက်​မှုသည်​လည်းပဓာနကျ၏။လူကြီးမိဘ၊ဆရာသမားများကမည်​မျှပင်​ဆုံးမသွန်​သင်​​နေ​စေကာမူ၊ကာယကံရှင်​ကိုယ်​တိုင်​လိုက်​နာကျင့်​သုံးမှသာဖြစ်​ပါမည်​။မလိုက်​နာမကျင့်​သုံးလျှင်​မူ၊​ကောင်းမွန်​အကျိုးရှိ​သောဘဝများကိုမရရှိနိုင်​ပါ။နောက်​အပိုင်းများတွင်​ကျန်​ရှိ​နေ​သေး​သော``အ​လေ့အကျင့်​​ကောင်း​များ´´တည်​​ဆောက်​၍​ကောင်းမွန်​အကျိုးရှိ​သောဘဝများကိုရရန်​မည်​ကဲ့သို့​နေထိုင်​ကြံကြံအားထုတ်​ကမည်​ကိုဆက်​လက်​​ရေးသားတင်​ပြ​ပေးပါမည်​။
Photo-google
Writing by pyaephyoesan@pyaephyoesan