ရှင်းပီလား

putulay(40)
Published in
#esteem
Words
66
Reading
1 min
Listen
Play
9y

image
ခင်ဗျားတို့ အားလုံးကို လက်ညှိုးငေါက်ငေါက်ထိုးပြီးပြောပလိုက်မယ်

အို... တလောကလုံးကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောပလိုက်မယ်

ခင်ဗျားတို့ သေလောက်အောင် ချမ်းသာကြွယ်ဝ ပလေ့စေ

ခင်ဗျားတို့ သေလောက်အောင် သြဇာအာဏာ ပြင်းထန် ပလေ့စေ

ခင်ဗျားတို့ တရားဥပဒေ ဆိုတာကို ပျက်ရယ်ပြုပြီး အနိုင်ရ ပလေ့စေ

အေးးးးး တနေ့ခင်ဗျားတို့ သေတဲ့အခါ
ကျွန်တော်ဆုတောင်းတယ် ခင်ဗျားတို့အတွက်

ခင်ဗျားတို့ရဲ့ သြဇာအာဏာတွေ၊ တရားမမျှတမှုတွေ၊ချမ်းသာကြွယ်ဝမှုတွေက
ဘုရားသခင်ရှေ့တော်မှောက်မှာ
ကယ်ဆယ်မှာ မဟုတ်ဘူးဆိုတာ ခင်ဗျားတို့ သိပါစေလို့ ကျွန်တော်ဆုတောင်းမယ်။

ခင်ဗျားတို့ ပြစ်ဒဏ်အတွက် ခင်ဗျားတို့ ကောင်းကောင်းကြီး ပေးဆပ်ရမယ်လို့ ကျွန်တော်ရဲရဲကြီး အာမခံတယ်။
လူဆိုတာ ကိုယ်စိုက်ပျိုးတဲ့ အသီးအပွင့်ကို ကိုယ်တိုင်ရိပ်သိမ်းရတယ်။

ကျွန်တော် နောက်ဆုံးစကားပြောမယ်....

ခင်ဗျားတို့ အခု မတရားသဖြင့် လုပ်နေတဲ့ ကိစ္စ တွေကို ရပ်တန်းကရပ်ပြီး ခင်ဗျားတို့အပြစ်တွေအတွက် သင်ပုန်းမချေရင် ခင်ဗျားတို့အတွက် ကောင်းကောင်းကြီး နောင်တ ရမဲ့ အချိန်က သိပ်မကြာခင်မှာ ရောက်တာတော့မယ် ဆိုတာပါပဲ။

ရှင်းပီလား | Ecency