ဘာလီက ဘဲအကြွတ်ကြော်ဆိုင်

Words
88
Reading
1 min
Listen
Play
2y

အားလုံး မင်္ဂလာပါ။

ဘာလီမှာ ညစာစားဖို့ ဘဲ အကြွတ်ကြော်ဆိုင်လေး ရောက်ဖြစ်ခဲ့တယ်။ ဘဲသား အကြွတ်ကြော်ထားတာ ဒီတစ်ခါမှ စားဖူးတယ်။

  • ဆိုင်နာမည်ပေးထားတာက Dirty Duck Dinner တဲ့။

  • ဆိုင်နာမည်ရပုံရလဲ ဇတ်လမ်းနဲ့၊ ဆိုင်ပိုင်ရှင်က ဆိုင်ဖွင့်မယ်လုပ်တော့ ဆိုင်နာမည်မပေးတတ်ဘူးဖြစ်နေတယ်၊ အဲဒါနဲ့ တစ်ညနေခင်းမှာ ရွံ့တွေနဲ့ ပေကျံနေတဲ့ ဘဲတစ်အုပ်ကိုတွေ့လို့ Dirty Duck လို့ ဆိုင်နာမည်ပေးဖြစ်သွားတာတဲ့။

ဒီမှာရောက်တုန်း တိုးဂိုက်ဆီကနေ အင်ဒိုနီးရှားစကားတချို့ တတ်ခဲ့တယ်။

Salamark Pargi - good morning
Salamark shung - good afternoon
Salamark malarm - good night
Thank you - Terimakasih
Sarong - ထမိန်
Udeng - ခေါင်းပေါင်း

သူတို့နိုင်ငံ အကြောင်းလည်း သိခွင့်ရခဲ့တယ်။

  • သူတို့နိုင်ငံ မြို့တော်က ဂျာကာတာကနေ Nusantara ကိုလာမယ့် သူ့တို့ရဲ့ လွတ်လပ်ရေးနေ့ Aug 17 မှာ ပြောင်းတော့မှာဖြစ်ပါတယ်။ Kalimantan province ထဲမှာပါ။ မြန်မာပြည်က မြို့တော်ကို ရန်ကုန်ကနေ နေပြည်တော်ကို ပြောင်းသလိုပါ။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

princekham@princekham
8th May 2024
Myanmar

ဘာလီက ဘဲအကြွတ်ကြော်ဆိုင် | Ecency