ဆက်လျှောက်ပါ

Words
39
Reading
1 min
Listen
Play
8y

ကိုယ်အဆင်မပြေနေတာတွေ
ကိုယ့်အခက်အခဲတွေ
ကိုယ့်ရဲ့ဝမ်းနည်းခြင်းတွေ
ကိုယ်တိုင်ဖြေရှင်း၍ ခံနိုင်ရည် အင်အားမွေးနိုင်အောင်
ကြိုးစားပါ။

ကိုယ်ရဲ့စကားသံတွေတိုင်းကို
နားထောင်ပေးနေတဲ့သူတိုင်းမှာ
ကူညီပေးနိုင်သူဆိုတာရှိနိုင်သလို
စိတ်ရင်းအမှန်ဖြင့်ခွန်အားပေးနိုင်သူတွေလည်းရှိနိုင်ပြီး
တစ်ဖက်လှည့်၍လှောင်ပြောင်နေသူတစ်ချို့လည်း
ကြုံရဆုံရတွေ့ရတတ်တယ်လေ။

ကိုယ့်စိတ်လည်းကိုယ်မပိုင်သလို
သူတစ်ပါးရဲ့စိတ်ကိုလည်း ကိုယ်ကဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိ၍
ပြောလိုက်ပြီးမှရမိတဲ့ နောင်တနည်းအောင်
ဘယ်လောက်အထိ ခက်ခဲသောအခြေအနေဖြစ်ပါစေ
မိမိကိုယ်တိုင် အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပါ။

လူတိုင်း အဆင်မပြေသလို
ကိုယ်ချည်းသက်သက်လည်း ဒုက္ခဆင်းရဲနေရတာမဟုတ်ပါဘူး။
တစ်ခါခါ အဆင်ပြေသူတွေကြား
ကိုယ်အဆင်မပြေတာတွေများရင်
အားငယ်နေရတတ်တယ်။ကိုယ့်စိတ်ကို ပြင်ဆင်ထားရင်
အမြင့်ကိုလည်းမော့မကြည့်နဲ့
အနိမ့်ဆုံးရောက်နေပါလားဆိုပြီးတော့လည်း အားမလျော့နဲ့
ကိုယ်ရှေ့ကိုအမှန်ကန်ဆုံးလျှောက် လမ်းမပျောက်စေတာက
ကိုယ့်ရှေ့တည့်တည့်ကခြေလှမ်းတွေပါပဲ။

image

photo-google