ဝန်ထမ်းဆိုတာပင်စင်မယူမချင်းတနေရာမှတနေရာပြောင်းရတာမဆန်းပါဘူးလေ
ရေစက်ရှိလို့ကြုံရသလိုရေစက်ကုန်လို့ခွဲရတာလူ့သဘာဝဆိုသော်လည်း
တွေ့ဆုံကြုံကွဲဆိုတဲ့လောကဓမ္မတာကြုံရတာများသူမို့ပါ
လူဖြစ်နေလေတော့ချစ်ခြင်းမုန်းခြင်းမှမကင်းနိုင်တာပဲ
အဲ့တာတွေကြားထဲက💞💞💞သံယောဇဉ်💞💞💞
သံယောဇဉ်ဆိုတဲ့အရာဟာနှလုံးသားတစ်ခုလုံးကို
ဆွဲစုပ်သွားစေခဲ့တယ်
သံယောဇဉ်ဆိုတာစကားလုံးက၃လုံးပေမဲ့
ခံနိုင်ရည်နည်းတယ်ပဲပြောပြော
မလွန်ဆန်နိုင်သလို
ခံနိုင်ရည်ရှိဖို့ကြိုးစားတိုင်း
ဝမ်းနည်းမျက်ရည်ဆိုတာကကျလာခဲ့တယ်
ပူဆွေးလွမ်းဆွတ်မှုတွေကိုကိုယ်လည်းမယူချင်သလို
သံယောဇဉ်ရှိသူတွေကိုလည်းမပေးချင်ပါဘူး
မေတ္တာဆိုတဲ့အေးမြမှုနဲ့ပျော်ရွှင်မှုတွေကိုသာ
ထာဝစဉ်ပေးစွမ်းချင်သူမို့
ပူလောင်တဲ့မျက်ရည်တွေကိုမမြင်လျက်လေသူပါလေ
ဝေးရတော့မယ်ဆိုတဲ့စိတ်ရဲ့ခံစားချက်ကိုနာရီအချိန်တွေပြောင်းတိုင်းမေးကြည့်မိနေခဲ့တယ်............. ဒီနေ့တစ်ရက်
မိုးချုပ်တော့မှာပါလားလို့ပါ
မနက်မိုးလင်းလို့တွေးမိတိုင်း..မနေ့ကတစ်ရက်ကုန်ပြန်ပီပေါ့လို့တွေးမိရင်😢😢😢😢😢😢😢တပည့်တွေ ခင်တဲ့ချစ်တဲ့သူတွေနဲ့ခွဲရမဲ့ရက်တရက်နီးလာပါလားလို့တွေးမိတယ်
ကျန်နေမဲ့သူတွေလည်းခံစားရသလိုချန်ထားခဲ့ရမဲ့သူကလည်းကိုယ်လုပ်ပေးနေကြဆိုတော့သူတို့လေးတွေအဆင်ပြေပါ့မလားလို့တွေးမိတယ်...
ဒါပေမဲ့...ဘာတတ်နိုင်မှာလည်းလေ...
ဝန်ထမ်းပဲလေမဟုတ်လည်းခွဲရမှာပဲတစ်နေ့တော့
အမှန်တော့ဝန်ထမ်းတွေဆိုတာလောကကြီးကလူတွေကိုချစ်ခြင်းမုန်းခြင်းတွေကိုလိုက်ပီးခံစားစေမဲ့သက်ရှိဝတ္ထုတွေ
ပေါ့
😘😘😘😘😘 မငိုကြပါနဲ့နော် 😘😘😘😘😘
ပျော်ရွှင်တဲ့စိတ်ရဲ့ခံစားမှုမေတ္တာတရားကိုသာပေးချင်သူမို့
ဝမ်းနည်းမှုတွေကင်းဝေးတဲ့တစ်နေ့ကိုမြန်မြန်ရောက်ချင်
ပါပီလေ။