My Teacher Ayethaung

Words
130
Reading
1 min
Listen
Play
8y

သူများတွေ ပြောနေကျလို့
ဆရာမလေးတွေ အလှကမျက်စိအေးတယ်ဆိုပဲ

မယုံဘူး စမ်းကြည့်မယ်ဆိုပြီး
အကောင့်ထဲကဆရာမတစ်ယောက်ကို စကားသွားပြောတာ

"hi ...မင်္ဂလာပါ ဆရာမ"

"မင်္ဂလာပါရှင်"

"ဟုတ်ကဲ့ ဆရာမ.."

"တားဗိုက်ထဲက အောင့်အောင့်နေလို့"

အောင့်မှာပေါ့ တားက အရက်တွေအရမ်းသောက်တာကိုး.."

ငင့်...

"စတာပါ ကျွန်တော်က
ဆရာမနဲ့ခင်ချင်လို့ပါ"

"ရပါတယ် ရှင့်
ကျမလဲ ခင်တတ်ပါတယ်"

"ဒါနဲ့ အရမ်းဝတယ်နော့
ကျန်းမာရေး ထိခိုက်မှာစိုးလို့
စေတနာပြောတာပါ"

အယ် မတတ်နိုင်ဘူးလေ
ကိုက သွားလျှာရှည်မိတာကိုး
ဆရာလုပ်တာ
ခုတော့ ခံပေါ့

"ဟုတ်ကဲ့ ဆရာမ
ဝိတ်ချပါ့မယ်"

''အင်းပါ ''

''ဟာသတွေ ရေးတာတွေ့တယ်
ဖတ်ဖြစ်ပါတယ်''

''ဟုတ်ကဲ့ ဆရာမ
ကျေးဇူးပါ''

''အရမ်းပေါတယ်နော်''

ငွမ့်

''တစ်ချိုနေရာတွေ ပြောပါတယ် . . .
ဆရာလုပ်တာ မဟုတ်ဘူးနော် .!!
အမြင်လေး သုံးသပ်ပြတာပါ''

''ဟုတ် . .ဟုတ်ကဲ့
ရပါတယ် . ဆရာမ''

''ဒါနဲ့ အသက်ဘယ်လောက်လဲ''
''၃၂ ပါ ဆရာမ''

''မထင်ရဘူးနော်
ရုပ်ရင့်တယ်''

တိန် ! --- "ဟုတ်ကဲ့ "

''လိုင်းပေါ်မှာချည်းပဲ . .
အလုပ်မလုပ်ဘူးလား ?
ဒီအရွယ်ရောက်နေပြီ . .
မိဘကို သနားအုံး ရှင့်''

''ဟုတ်ကဲ့ လုပ်ပါ့မယ်ခင်ဗျ''

''ကျွန်မကခင်ရင် အဲလိုပဲ ဆုံးမနေကြ ,
ကျောင်းက တပည့်တွေဆိုလဲ အမြဲဆိုဆုံးမရတယ် .!
ပြောမရလို့ကတော့ တုတ်နဲ့ပါ ရိုက်တာ''

! ငှယ်

ဖုန်းထဲများ လှမ်းရိုက်မလားမသိဘူး . .

ကြောက်ပြီလေ---

"ကျနော် အလုပ်ရှိလို့ သွားလိုက်ပါအုံးမယ်"

"ဒါနဲ့
ကျွန်မ မှာတာတွေလဲ မမေ့နဲ့အုံး ကြားလား""
''ဟုတ်ကဲ့ ခင်ည''

ဆရာမလေးတွေ လှတာတော့ လက်ခံပါတယ် . .!!
ဆရာလုပ်တာတော့ လက်မခံနိုင် ဘု

image

photo-ayethaung

My Teacher Ayethaung | Ecency