အညာနွေက ပူတယ်လေ ....
နွားတွေကို နံက်မှာ နွားကျောင်းတယ် ၁၁နာရီခန့်  နွားရေတိုက်
ပြီးလျှင် နီးစပ်ရာ အရိပ်ကောင်းကောင်းသစ်ပင်မှာ ချည်ထားပြီး
ထားခဲ့တယ် ။ ဒါကို (နွား အရိပ်သွင်း) တယ်လို့  ဆိုကြတယ်
ညနေ နေအေးချိန် ၃နာရီခန့်  ပြန်လည်နွားထုတ်ပြီး
နွားပြန်ကျောင်းပြန်တယ် ။ညနေ နေရီ နေရီ အိမ်ပြန်ကြတယ် ။
ဒါကို ( နွားသွင်းချိန်) လို့  ဆိုကြပြန်တယ် ။ ။
သေရည် သေရက်ဖြတ်ကြစို့ လား ..?
ညနေ နေရီနေရီ
အိမ်ထောင်ဦးစီး အရက်သောက်ပြီး အိမ်ပြန်လာသော် ...
အိမ်တွင်း အကြမ်းဖက်မှု ဖြစ်ပေါ်စေ၏ ။
ဖခင်သိက္ခာ သားသမီးအပေါ် ကျရောက်စေ၏ ။
ဖခင်စရိုက်ကြောင့် မိသားစု စိတ်သောက စိတ်ဒဏ်ရာ ခါးဆီးခံရတတ်၏ ။
မိသားစု အိပ်ယာဝင်ချိန် စိတ်အမှောင်ထုကို ဖြတ်ကျော်ရ၏ ။
ဖခင်၏ တစ်ကွက်မှားမှု ကြောင့် တစ်ညတာမိသားစုပျော်ရွှင်မှု
ဆုံးရှုံးသွားတတ်၏ ။ ။
♠သံသရာဘုံ
မလွတ်ကင်းနိုင်ကြကုန်
ဤကမ္ဘာမြေဝသုန်
မေတ္တာနယ်တွင်း
သက်ဆင်းကာကြုံ
ဖယ်ရှောင်ကာမရပုံ…………
♠သစ္စာဆိုတဲ့တရားက
ကြီးမားတာအမှန်ယုံ
သေချာစွာစောင့်ထိမ်းလို့သာမကုန်
မညိုးပန်းမာလာငုံ
မိုးဆန်းပမာပုံ
မေတ္တာဖျန်းမှ
လန်းဆန်းမယ်သာယုံ……………
♠မေတ္တာဆိုတဲ့အဟုန်
ချစ်သဒ္ဓါပိုခဲ့ပုံ
လှစ်ခါဆိုဖွဲ့မကုန်
လောကသံသရာဘုံ
အဖန်ဖန်တလဲလဲ
အမြဲပဲချစ်လောကရိပ်မြုံ…………………
♠စမ်းရေအဟုန်
ချမ်းမြေ့စေကုန်
အေးမြစရာရင်မှာကြုံ
ဖေးမကာအကြင်နာမကုန်
မေတ္တာဖျန်းမှ
လန်းဆန်းမယ်သာယုံ..................
(အစ-အဆုံး ပြန်ဆိုပါ)😁😁😁
photo-google