သားသမီးတွေက မိဘမသိအောင် ဘာလို့ခိုးလုပ်ရတာလဲ????
👉👉 အဖြေက ရှင်းရှင်းလေးပါ.. ခွင့်မပြုလို့ပေါ့..ဘယ်သားသမီးမဆို ကိုယ့်ရဲ့မိဘကို တိုင်ပင်ချင်ကြတယ်။ ရင်ဖွင့်ချင်ကြတယ်၊ တလောကလုံးမှာ သူတို့နဲ့ အရင်နှီးဆုံးသူက မိဘတွေပဲလေ.. အဲ့တော့ ဘာမဆို ကောင်းကောင်းဆိုးဆိုး..သူသိသမျှ လုပ်သမျှ အကုန်လုံးကို အသိပေးချင်ကြတယ်။ တကယ်လည်း အသိပေးကြတယ်။ အဲ့အခါမှာ မိဘနဲ့သားသမီး ကတောက်ကဆတွေ ဖြစ်ကုန်ရော။ ဘယ်သားသမီးမဆို ပထမဦးဆုံးတော့ ခွင့်တောင်းတတ်ကြတယ် .. အဲ့အခါမှာ မိဘတွေက စပြီး ပိတ်ပြီ..အဲ့တော့ နောက်ပိုင်းမှာ သားသမီးတွေက ခွင့်လည်းမတောင်းတော့ဘူး.. အသိလည်း မပေးဘူး..လုပ်ချင်တာကို ခိုးလုပ်ကြတယ်။ သိသွားလို့ အပြစ်ပေးခံရရင်လည်း ခံလိုက်တယ်။ ကျေနပ်တယ်လေ .. ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရလိုက်တာကိုး............
ပြောချင်တာက ..ဟုတ်ပါတယ်...မိဘဆိုတာ ကိုယ့်ထက် အသက်လည်းပိုကြီးတယ် အတွေ့အကြုံလည်း ပိုရင့်ကျက်တယ်။ အဲ့ဒါကို လက်ခံတယ်.. သူတို့ပေးတဲ့ အကြံဥာဏ်တွေက ကလေးတစ်ယောက် အတွေးထက် ပိုသာလွန်တယ်။ မှန်ပါတယ်..........
ဒါပေမယ့်.....
ကလေးတစ်ယောက်..သားသမီးတစ်ယောက်မှာလည်း သူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်စွန့်စားလုပ်ဆောင်ခွင့်တော့ ရှိသင့်တယ်။ ဒီနေရာက မကောင်းဘူး .. မသွားနဲ့လို့ဆိုရင်... ဘာလို့ဒီနေရာက မကောင်းရတာကို သွားခိုင်းလို့ရရင် သွားခိုင်းသင့်တယ်။ မသင့်တော်ရင်လည်း ကိုယ်တိုင် လိုက်ပို့ပေးသင့်တယ်။ ပြီးရင် အကျိုးအကြောင်းကို သေချာရှင်းပြပြီး.. လက်တွေ့ကျကျ ရှင်းပြသင့်တယ်။ တချို့နေရာတွေဆိုရင် မကောင်းတာထက်ကို ခေတ်ရေစီးကြောင်းကို အလိုက်မမှီတဲ့ မိဘတွေကြောင့် သူတို့ကိုယ်တိုင်က အမှောင်ချပြီး မကောင်းဘူးလို့ ဇွတ်ပြောနေတဲ့နေရာတွေရှိတယ်...
စဉ်းစားတာပေါ့လေ.....
တကယ်လို့ သားသမီးတွေက မိဘတွေဆီက ခွင့်ပြုချက်တောင်းခံလာတဲ့ အချိန်မျိုးတွေမှာ ဖြစ်နိုင်ရင် ဘဝတစ်ခုလုံး ဆုံးရှုံးသွားလောက်မယ့် အရာမျိုး မဟုတ်ဖူးဆိုရင် ခွင့်ပြုပေးစေချင်တယ်.. ဒီလိုလေးဆိုရင် မကောင်းဖူး.. ဒီလိုလေးဆိုရင်တော့ သင့်တော်တယ်ဆိုပြီး.. လမ်းညွှန်ပေးပြီး ခွင့်ပြုစေချင်တယ်... အဲ့ဒါမှ အကောင်းအဆိုး အမှားအမှန်ကို အဲ့သားသမီးကိုယ်တိုင်က လက်တွေ့နားလည်ပြီး နောက်မလုပ်တော့မှာလို့ ထင်မြင်မိတယ်.......
တကယ်လို့ ခွင့်တောင်းတာကို ခွင့်မပြုရင်ရော....?
ခွင့်မပြုဖူးဆိုရင်တော့.. နောက် ဘယ်တော့မှ ခွင့်တောင်းမှာ မဟုတ်တော့ပါဘူး... ခွင့်မတောင်းလို့ လိမ္မာသွားပြီလို့ မထင်လိုက်ပါနဲ့.... ခိုးလုပ်မှာပါ။
အဲ့တော့မှ ကောင်းကောင်းဆိုးဆိုး မှားမှားမှန်မှန် မစဉ်းစားတော့ဘူး.. guideline ပေးမယ့်သူကလည်း မရှိတော့.. အကြိုက်ပဲပေါ့....
နောက်မှ မိမဆုံးမ ဖမဆုံးမလို့ အော်မဆူပါနဲ့....
ပထမဆုံးတစ်ခါ ခွင့်တောင်းခဲ့ဖူးတယ်လေ
photo-google