ကိုယ်တွေက ကဲတတ်တယ်နော်
ဒါပေမဲ့ မရွတတ်ဖူး
ကိုယ်တွေက ယောက်ျားလေးသူငယ်ချင်း ရှိတယ်နော်
ဒါပေမဲ့ အထာမပေးတတ်ဖူး စည်းထားတယ်
ကိုယ်တွေက သစ္စာရှိပီး အချစ်ကြီးတယ်နော်
ဒါပေမဲ့ ကိုယ့်အပေါ်တော့ သစ္စာလာမဖောက်နဲ့ ဘယ်လောက်ချစ်နေပါစေ ရှင်မှရှင်ပါပဲဆိုပီး ငမ်းငမ်းတတ်ကပ်တွယ်နေမဲ့ မိန်းမမျိုးမဟုတ်ဖူး
ကိုယ်တွေက အားနာတတ်တယ်နော်
ဒါပေမဲ့ ကိုယ့်အပေါ်ရက်စက်တတ်တဲ့သူ မပါဖူး
ကိုယ်တွေက ကူညီတတ်တယ်နော်
ဒါပေမဲ့ လိုတာထက်ပိုပီးအခွင့်အရေးလာမယူနဲ့ လှည့်ပြန်သွားဖို့ဝန်မလေးဖူး
ကိုယ်တွေက ရိုးသားတယ်နော်
ဒါပေမဲ့ သူတစ်ပါးအနိုင်ကျင့်တာခံဖို့မဟုတ်ဖူး
ကိုယ်တွေက လိမ်ပြောတတ်တယ်နော်
ဒါပေမဲ့ ဘယ်တော့မှ သူတစ်ဖက်သား မနစ်နာစေရဖူး
ကိုယ်တွေက သနားတတ်တယ်နော်
ဒါပေမဲ့ မာယာတော့လာမများပြနဲ့ ထိုင်ငိုသွားအောင်လုပ်ပစ်ဖို့ ဝန်မလေးဖူး
ကိုယ်တွေက အလှအပကြိုက်တယ် ပဲများတတ်တယ်နော်
ဒါပေမဲ့ အဲ့ဒါက တစ်ခြားသူစိမ်းယောက်ျားတစ်ယောက်ကို မြူဆွယ်ဖျားယောင်းဖို့ မဟုတ်ဖူး
ကိုယ်တွေက ခွင့်လွှတ်ပေး သည်းခံပေးတတ်တယ်နော်
ဒါပေမဲ့ ဖောက်ပြန်တတ်တဲ့ယောက်ျားတွေနဲ့ ကတိမတည်သစ္စာမရှိကြာကူလီ စနှိုက်ကြော်တဲ့လူတွေမပါဖူး
photo-google