နေပြည်တော်မယ် ခရေ ပင်များ များစွာ စိုက်ထားကြလေတော့သည်။ ရှေးယခင်က ဘုန်းတော်ကြီးကျောင်း နှင့် ဘုရားစေတီများတွင် အများဆုံးစိုက်ပျိုးထားတာ
တွေ့ရပေတော့သည်။
ခရေပင်များဟာ ဆယ့်နှစ်လ ရာသီ အရွက်ရှိပြီး ခရေပန်းများ ဝေဆာစွာ ပွင့်ဖူးကြလေတော့သည်။ ခရေသီးများ လည်း သီးကြပြီး အပင်များလည်း ပျိုးထောင် စိုက်ပျိုးလို့ ရပေတော့သည်။ ခရေပန်းများကို လူငယ် ကောင်လေး ကောင်မလေးများ ကောက်ယူကြပြီး ဘုရားလှူကြသူများလည်းရှိကြပေသည်။ တချို့က ပန်ဆင်ကြလေသညါ။ တချို့က ကောက်ယူ သီကုံးပြီး ဈေးရောင်းချလေတော့သည်။
ခရေပန်းသည် မွှေးလွန်းကြပေသည်။လူတိုင်း ပန်ဆင်လိုကြပေတော့သည်။ ခရေ ပန်းက မသိသူ မရှိသလောက် ဖြစ်လို့ စာရေးဆရာများနှင့် တေးရေး တေးဆို အနုပညာရှင်များက တင်စားလို့ ရေးစပ် သီဆိုမှုများက နာမည်ကြီးလေတော့လေသည်။
ရှေးယခင်က ခလေးသူငယ်ချင်းများ ခရေပန်း အတူတူ ကောက်ကြပြီး သံယောဇဉ်တွေ ဖြစ်ကြပြီး တေးသီထားသည်ကလဲ လွမ်းစရာဖြစ်နေလေတော့သည်။
မာမာအေး သီဆိုထားဟန်များ
ချိုပြုံး သီဆိုထားဟန်များ ကလည်း တအားကောင်းပေလေတော့သည်။
အခုခရေပင် အောက်မယ် ဆုံဆည်းခဲ့သောဟချစ်သူများရေတွက်မရနိုင်ပေတော့သည်။ ချစ်သူဖြစ်ပြီး ကွဲကွာ နေကြသူတွေလည်း မနည်းလှပေတော့သည်။ နှစ်တွေသာ ကြာညောင်းပြီး ခရေပင်ကြီးကတော့ ပွင့်နေလျက် ဖြစ်ပေနေတော့သည်။
အရိပ်များ ပေးစွမ်းခြင်း မွှေးကြိုင်သော ခရေပန်းများ ဖူးပွင့်ခြင်းများ လူသားအားလုံးအတွက် ပေးဆပ်နေလျက်ဖြစ်လေသည်။
လတိုင်း အရိပ်များရှိကြလို့ ဘုရားဖူးရင်းနားခိုကြသူများ စိတ်ကို အေးချမ်းစေတော့သည်။
မြန်မာနိုင်ငံတစ်ဝန်း မြေပြန့်ဒေသ များတွင် အများအပြားတွေ့ရသည်။သဘာဝအလျောက် ပေါက်ရောက်သည်။
အပင် ရဲ့ အနေအထားများမယ်
ပင်စည်ဖြောင့်မတ်သော အပင်ကြီးမျိုးဖြစ်၍ ပေ ၄၀ခန့်မြင့်၏။ အဖို အမ နှစ်မျိုးရှိသည်။ အသီးအပွင့် နှစ်မျိုးရှိသော် အမမျိုးဖြစ်၍ အပွင့်သက်သက်ပွင့်လျှင် အဖိုမျိုးဖြစ်သည်။ အကိုင်းအခက် လွန်စွာဖြာ၏။ အခေါက်ထူ၍ ကြမ်းပြီး ညိုမည်းရောင်ရှိ၏။
အရွက်
ပြောင်ချော၍ တောက်ပသည်။ ဘဲဥပုံရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းဝိုင်း၊ သို့မဟုတ် အနည်းငယ် သွယ်သည်။ရွက်နားလှိုင်းတွန့်သည်။သပြေရွက်နှင့် တူ၏။
အပွင့်များကို ခွဲခြားလို့ရပေသည်။
အဖိုပွင့် အမပွင့် ၂ မျိုးရှိ၍ အမပွင့်ထက် အဖိုပွင့်သည် အနည်းငယ်ကြီးပြီးဖြူ၏။ အမပွင့်သည် အနည်းငယ် နီကြန်ကြန်ရှိ၏။ အပွင့်များမှာ မွှေးကြိုင်သောရနံ့ရှိသည်။ ကဆုန်၊ နယုန် လတွင်ပွင့်သည်။
အသီး သည် ဒေသအလိုက် မကွာခြားတော့ပေ။
ဘဲဥပုံ ရှိ၏။ ပထမတွင် အစိမ်းရောင်ရှိပြီး နောက်ပိုင်း ရင့်မှည့်သောအခါ လိမ္မော်နီရောင် ဖြစ်သွားသည်။ အသားထူ၏။ အသားအ၀ါရောင် ရှိပြီး ဖန်၍ ချိုသည်။ စား၍ရသည်။ အစေ့မှာ မာကျော ပြီး အညိရင့်ရောင်ရှိသည်။ ၀ါခေါင် ၊ တော်သလင်းလတွင် သီးသည်။
အသုံးဝင်ပုံများစွာရှိလေပေတော့သည်။
အပွင့် ၊ အခေါက် ၊ အစေ့။
အာနိသင်
မြန်မာ့ဆေးကျမ်းများအလိုအရ အခေါက်သည်ချို၏။ ခါး၏။ အေး၏။ နှလုံးကို အားရှိစေ၏။ ၀မ်းမီးကိုပွားစေ၏။ ရောဂါပိုးတို့ကို နိုင်၏။ သွားဖုံးရောဂါများ၌ အကျိုးပြု၏။ သည်းခြေဖောက်ပြန်ခြင်းကို ပျောက်ကင်းစေ၏။ အသီးသည် အူကို တွန့်ရှုံ့စေ၏။ နှုတ်ကိုမြိန်စေ၏။ သွားတို့ကို ခိုင်စေ၏။ ချုပ်၏။ သလိပ် သည်းခြေကိုနိုင်၏။ အစေ့သည် လှုပ်နေသော သွားတို့ကို ခိုင်စေ၏။ ရှူသော် ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေ၏။
အပွင့်အသုံးပြုပုံများလည်း နည်းမျိုးစုံရှိကြပေသည်။
၁။ ခရေပွင့်ကို တစ်ညလုံးရေစိမ်၍ နံနက်တွင်ထို စိမ်ရည်ကိုစစ်ပြီး ကလေးအားတိုက်လျှင်ချောင်းဆိုးရောဂါပျောက်၏။
၂။ ခရေပွင့်အစိုကို မီးယပ်ဖြူရောဂါနှင့် သွားရောဂါ အတွက် အသုံးပြု၏။
၃။ ခရေပွင့်အခြောက်ကို သနပ်ခါးဖြင့် ရောသွေးလိမ်းက အပူကြောင့်ဖြစ်သောမိတ်နာ၊ ယားနာများ အမြန်ပျောက်ကင်း၏။
အခေါက်အသုံးပြုပုံများလည်း နည်း၃ခုဖြစ်လေသည်။
၁။ အခေါက်ပြုတ်ရည်ကို သောက်ခြင်းဖြင့် လည်းကောင်း၊ အပွင့်ကိုရှူခြင်းဖြင့်လည်းကောင်း၊ အသီးကိုစားခြင်းဖြင့်လည်းကောင်း နှလုံးရောဂါကို ပျောက်စေ၏။
၂။ ခရေခေါက်၊ ဆီးဖြူခေါက်၊ ရှားခေါက် ၃ မျိုးပြုတ်၍ငုံပေးခြင်းဖြင့် ပါးစပ်၌ မက်ခရုပေါက်ခြင်း၊ သွားဖုံး ရောင်ခြင်း၊ ပါးစပ်၌အပူလောင်ခြင်း၊ ရေစီးကမ်းပြို ဖြစ်ခြင်းစသော ခံတွင်းနာအားလုံး ပျောက်ကင်း စေသည်။
၃။ အခေါက်ကိုပြုတ်၍ ဖန်ဆေးရည်အဖြစ် အသုံးပြုနိုင်သည်။
အစေ့အသုံးပြုနိုင်ပေတော့သည်။
၁။ အဆက်မပြတ်သွားသော ၀မ်းရောဂါအတွက် အစေ့ကို ရေအေးနှင့် သွေးသောက်ခြင်း၊ ခရေသီးအမှည့်၏ အသားကိုစားပေးခြင်းဖြင့် ပျောက်ကင်း စေနိုင်သ
ည်။
by-@poponpt6