Incest

popolo(42)
Published in
#esteem
Words
150
Reading
1 min
Listen
Play
8y

Incest ခေါ်သွေးရင်းစပ်ယှက်မှုအပေါ် စဉ်းစားကြည့်ခြင်း

ဒီစဉ်းစားမှုက သားမွေးမှုကိစ္စကို ဖယ်ထားပြီးမှ စဉ်းစားတာဖြစ်ပါတယ်။

Incest ကိုအရင် အဓိပ္ပါယ်ဖွင့်မယ်ဆိုရင် သွေးရင်းချင်းစပ်ယှက်မှုလို့ ဖွင့်တာဟာ မလုံလောက်ဘူးလို့ မြင်ပါတယ်။
မိသားစုတစ်စုနဲ့ နီးစပ်ရာဆက်စပ်မိသားစုဝင်အချင်းချင်း ကာမစပ်ယှက်ခြင်းဆိုတာ ပိုပြည့်စုံမယ်ထင်ပါတယ်။
ဘာလို့လည်းဆို မိသားစုဆိုရာမှာ ကလေးတွေက သွေးရင်းမဟုတ်ပဲ မွေးစားထားတာလည်း ဖြစ်နိုင်လို့ပါ။

ဒီတော့ မွေးတုန်းကကွဲသွားပြီး ကြီးမှပြန်တွေ့တဲ့ သွေးရင်းတွေဆိုရင်ကောလို့ မေးစရာရှိပါတယ်။
သူတို့ဟာသွေးသားတော်စပ်တာက လွဲပြီး မိသားစုဝင်လို့ ပြောလို့ရမယ်မထင်ပါဘူး။
ဒီတော့သူတို့ကြားက လိင်ကိစ္စအတွက် ဘာစောတကမှ တက်စရာအကြောင်းမရှိလို့ ယူဆပါတယ်။

မိသားစုတွင်း ကာမစပ်ယှက်မှုဖြစ်နိုင်ချေတွေကတော့ မိဘနဲ့ သားသမီးကြား ပြီးတော့ မောင်နှမကြားပေါ့။
ဒီမှာ ပြဿနာအရှိနိုင်ဆုံးက မိဘနဲ့ သားသမီးကြားပါ။ ဒီလိုအဖြစ်မျိုးမှာ မိဘဘက်က လိင်အမြတ်ထုတ်မှုက ဆက်ရက်ပါနေတတ်တာ သတိထားရပါမယ်။
နောက်ပြီးတော့ မောင်နှမကြား၊ မိဘနဲ့လောက် မရှိနိုင်ပေမဲ့ လိင်အမြတ်ထုတ်မှုကတော့ ရှိနိုင်ပါသေးတယ်။
ဒီတော့ မိသားစုဝင်အချင်းချင်းကာမစပ်ယှက်မှုကို လူမှုစံနှုန်းအနေနဲ့ ဖြစ်စေ၊ ဥပဒေနဲ့ ဖြစ်စေ တားသင့်ပါသလား ဆက်စဉ်းစားကြည့်ပါမယ်။
ဥပဒေအရတော့ မတားသင့်လို့ယူဆပါတယ်။ ဥပဒေက လိင်အမြတ်ထုတ်မှုဆိုင်ရာ အကာအကွယ်ကိုပဲ ဆက်ပေးသင့်ပါတယ်။
လူမှုစံနှုန်းအရတော့ ယေဘုယအားဖြင့် တားတာဟာ ကပ်ရက်ပါနေတဲ့ ဆိုးကျိုးတွေအတွက်ပါ အဟန့်ဖြစ်စေလို့ တားတာကို မဆန့်ကျင်ချင်ပါဘူး။
ဒါပေမဲ့ ဒီလိုတားတဲ့ကြားက ဖြစ်လာတဲ့ဖြစ်ရပ်တွေကိုတော့ လိင်အမြတ်ထုတ်မှုပိုင်းဆိုင်ရာတွေ ရှိမရှိ သေချာကြည့်ကြည့်သင့်ပါတယ်။
မရှိဘူးဆိုရင် လူမှုရေးဆိုင်ရာ ရှုံ့ချမှုမျိုးကို မလုပ်သင့်ပါဘူး။
ဥပဒေရဲ့ လိင်အမြတ်ထုတ်မှုဆိုင်ရာ ဘောင်ဝင်နေရင် ကဲ့ရဲ့ရှုံ့ချစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။
ဥပဒေဘောင်ဝင်တယ်ဆိုကတဲက ငယ်စဉ်မှာ လိင်အမြတ်ထုတ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ မရှိစေခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။
ဥပဒေအရ မတားသင့်တဲ့ အကြောင်းကလည်း ဒီအတွက်ပါပဲ။
လူအများအတွက်တော့ လိင်စိတ်နဲ့ မိသားစုဝင်အချင်းချင်းထားတဲ့ မေတ္တာစိတ်ဟာ ယှဉ်တွဲထားလို့ မရလို့ယူဆကြမှာပါ။
ဒါပေမဲ့ လိင်အမြတ်ထုတ်မှုကို သွယ်ဝိုက်ကာကွယ်ထားတဲ့ Incest ဥပဒေကြီးက လိင်စိတ်နဲ့ မိသားစု မေတ္တာ ယှဉ်တွဲထားနိုင်တဲ့ သူတွေရှိနေခဲ့ရင် သူတို့ကို အသားလွတ်ကြီး ဥပဒေဖောက်ဖျက်သူ ဖြစ်သွားနေစေမှာပါ။
ဒါဟာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ လိင်လွတ်လပ်မှုကိုလည်း ထိပါးရာရောက်နေပါတယ်။
ဒီတော့ လူမှုအရလိင်အမြတ်ထုတ်မှုဆိုင်ရာ ပြဿနာတွေ ဆက်စပ်နေနိုင်တာကြောင့် ဒါကိုအားပေးသလိုဖြစ်မှာစိုးတဲ့အတွက် Incest ကိုယေဘုယအားဖြင့် ဆန့်ကျင်စေသင့်ပြီး ဥပဒေအရတားရင်တော့ လူနည်းစုရဲ့ လိင်လွတ်လပ်မှုကို သွားထိခိုက်စေနိုင်တဲ့အတွက် ဥပဒေမှာ လိင်အမြတ်ထုတ်မှုကိုသာ အကာအကွယ်တိုင်ရိုက်ပေးသင့်ပါကြောင်း။
image
Thanks for All,popolo@popolo

Incest | Ecency