ရောသမမွှေ

Words
212
Reading
1 min
Listen
Play
8y

အနောက်တိုင်း ပို့စ်လေးတစ်ခုပါ ။ အရမ်းကြိုက်လို့ ဘာသာပြန်တင်ပေးလိုက်တာပါ ။
ဒါလေးဖတ်ပြီး တစ်ခုခုရ လိမ့်မယ် လို့မျှော်လင့်ပါတယ် ခင်ဗျာ ။
ချမ်းသာတဲ့ လူတစ်ယောက်ကို လက်ထပ်ဖို့ ကြိုးစားနေတဲ့
မိန်းမတစ်ယောက်က ချစ်သူရှာဖွေရေးဖိုရမ်တစ်ခုမှာ
အောက်ပါ ပို့စ်ကို တင်ခဲ့ပါတယ်။
ဒီနေရာမှာ ကျွန်မ ရိုးရိုးသားသားပြောပါရစေ...
ဒီနှစ်မှာ ကျွန်မအသက်၂၅ ပြည့်ပါပြီ။
ကျွန်မက အတော်လှပါတယ်။
စတိုင်နဲ့ ဆွဲဆောင်မှုလည်းရှိပါတယ်။
တစ်နှစ်လစာ ဒေါ်လာ၅သိန်းနဲ့ အထက်လောက် ဝင်တဲ့လူကို လက်ထပ်ချ င်ပါတယ်၊၊
ရှင်တို့ကတော့ ပြောမယ်။
ကျွန်မက လောဘကြီးတယ်ပေါ့။
ဒါပေမဲ့ တစ်နှစ် ဒေါ်လာ ၁သန်းလောက် ရတဲ့လူဟာ နယူးယောက်လိုမြို့မှာ လူလတ်တန်းစားအဆင့် ပဲရှိပါတယ်။
ကျွန်မတောင်းတာ မမြင့်ပါဘူး။
ခု ဒီဖိုရမ်ထဲမှာ တစ်နှစ် ဒေါ်လာ ၅သိန်းလာက် ဝင်တဲ့လူများရှိလား။ ရှိတဲ့လူတွေ အားလုံး လပ်ထပ်ထားကြသလားရှင်။ ရှင်တို့လို လူတွေကို လပ်ထပ်ဖို့ ကျွန်မ ဘာတွေများလုပ်သင့်သလဲ????
ကျွန်မ တွဲခဲ့ဖူးတဲ့လူတွေထဲမှာ အချမ်းသာဆုံးက တစ်နှစ် ဒေါ်လာ နှစ်သိန်းခွဲ ရတဲ့လူပါ။ ဒါကျွန်မရဲ့အမြင့်ဆုံး ဖြစ်တော့မယ့်ပုံပါပဲ။

အားလုံး၏ မျက်လုံး အစုံပေါင်းများစွာက သူ့ထံ စုပြုံကျရောက်နေသည်။သူ၏ ခေါင်းကို ငုံ့ထားသဖြင့် မျက်နှာ အနေအထားကို မမြင်နိုင်သော်လည်း ပုခုံးအစုံ လှူပ်ခတ်နေသည်ကငိုကြွေးနေခြင်းဟု မှန်းဆရသည်။ လူအများကြီး ရှိနေသော ရုံးခန်းမှာ တဒင်္ဂ တိတ်ဆိတ် နေသလိုလို။ခံစားချက်မျိုးစုံက လူအများ၏ မျက်ဝန်းထဲတွင် တွေ့မြင်နေရသည်။ သို့သော် တင်းမာ ခက်ထန်လွန်းနေသည့် မျက်နှာတစ်ခုက အထင်အရှား သီးခြားပေါ်လွင်နေ၏။

သူ၏ခေါင်းကို ငုံ့ထားရင်း လက်နှစ်ဖက်က စွပ်ကျယ် ဖြူညစ်ညစ်၏ အောက်အနားကို ဆွဲချေမွနေသည်။ ရုံးခန်း၏ အောက်ကြမ်းခင်းကို ကြည့်နေသော သူ့မျက်ဝန်းတွင် မျက်ရည်ကြည်များ ဝိုင်းစို့နေ၍ မှုန်ဝေဝါးနေ၏။ ဆက်လက် မထိန်းချုပ်နိုင်တော့သလို ရှိုက်သံတစ်ချက် အင့် ခနဲထွက်သွားပြီး

“ကျွန်…တော် လုပြေးတာမယ်…မယ်..မဟုတ်ပါဘူး၊ သူ့ခြင်းတောင်းထဲ ……”

ဗလုံးဗထွေး အသံများအဆုံး ကြမ်းပြင်ပေါ် ခွေညွတ်ကျသွားသော အသံကြောင့် လူအများ သက်ဝင်လှုပ်ရှား လာကြပြီး ဆူဆူညံညံဖြင့် ရုံးခန်းလေးမှာ အနည်းငယ် ဝရုန်းသုံးကား ဖြစ်သွားလေတော့၏။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အရေးကြီးသည်။ မည်သည့် အနေအထား ရောက်နေသည်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှ ဆက်လုပ်နိုင်သည်။ သူတို့ ဘာမှန်းမသိ၊ ဈေးကွက် မရေရာသော ကွန်ပျူတာတွေ ဆော့ဖ်ဝဲတွေကို တီထွင်ခဲ့ကြသည်ဟု ထင်စရာရှိသည်။ သို့သော် သူတို့ တီထွင်မှုတွင် အနာဂတ်တွေ ရှိနေသည်။ ကွန်ပျူတာကို လူတိုင်း မကိုင်ပါဘူးဟု ဝေဖန်သူများ ရှိနေသည့်ကြားက တစ်နေ့တွင် တစ်အိမ်တစ်လုံး အနည်းဆုံး သုံးလာလိမ့်မည်ဆိုသည့် အနာဂတ်ကို မျှော်ကြည့်နိုင်စွမ်းများဖြင့် တီထွင်ခဲ့ကြသောကြောင့် သူတို့ အောင်မြင်ခဲ့ကြခြင်း ဖြစ်သည်။
image
Nassim Nicholas Taleb ဆိုသူပြောသွားသည့် စကားတစ်ခွန်းကို ရည်ညွှန်းချင်ပါသည်။
“စတိဗ်ဂျော့၊ ဘီလ်ဂိတ်စ်နဲ့ မာ့ခ် ဇူကာဘတ်တို့ ကောလိပ်ကျောင်း မပြီးသွားကြဘူး။ သူတို့က ကျောင်းသင်ပညာ ဆိုတာထက် သူတို့ လေ့လာသင်ယူချင်တာတွေကို လေ့လာ သင်ယူသွားခဲ့ကြတာ။ ကျွန်တော်က ကျွန်တော့်ကလေးတွေကို မင်းတို့ အမှတ် ကောင်းကောင်း မရလို့၊ အဆင့် မကောင်းလို့ စိုးရိမ်ပူပန်ခြင်း မရှိဖို့ သူတို့နဲ့ နှိုင်းယှဉ် ပြောပြတယ်။ ဘာဖြစ်ဖြစ် လေ့လာ သင်ယူမှုကို ပျော်ပျော်ရွှင်ရွှင်ဖြစ်ဖို့ပဲ လိုတယ်”

ရောသမမွှေ | Ecency