ရန်​ကုန်​တစ်​ဖက်​ကမ်း

pocker(46)
Published in
#esteem
Words
490
Reading
3 min
Listen
Play
8y

ရန်ကုန်မြို့တွင် တိုက်ခန်းတွေ အောက်ဈေးနဲ့လျှော့ရောင်းတာတောင် ဝယ်မည့်သူမရှိ၍ ရေချိုမရှိတဲ့ ရန်ကုန်တစ်ဖက်ကမ်းက တိုက်ခန်းတွေဆို ဘယ်သူဝယ်မှာလဲ %%%
image
စင်ကာပူထက် နှစ်ဆကျယ် ဝန်းတဲ့ ရန်ကုန်တစ်ဖက်ကမ်း ဒလဘက် က ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန် တိုင်းဒေသကြီးအစိုးရက ကျပ် ၁၀ ဘီ လီယံ မတည်ရင်းနှီးဦးမည်ဟုသိရသည်။ အဆိုပါ ၁၀ ဘီလီယံကို တည်ဆောက် ရေးလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံရန် ခွင့် ပြုထားသောဘတ်ဂျက်မှ ထုတ်နုတ်သုံးစွဲ မည်ဟု သိရသည်။ မြို့သစ်အကျယ်အ ဝန်းမှာ ဧက ၂၀ဝ၀ဝ ဖြစ်ပြီး ပထမအ ဆင့်အခြေခံအဆောက်အအုံလုပ်ငန်း အတွက် အမေရိကန်ဒေါ်လာ ၁ .၅ ဘီလီ ယံ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။
အဆိုပါလုပ်ငန်းထဲတွင် မြို့ နယ် ၅ မြို့နယ်၊ တံတား ၂ စင်း၊ ၂၆ ကီလိုမီတာရှည် ပင်မလမ်းမကြီးများ၊ ၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊ ဓာတ် အားပေးစက်ရုံနှင့် ဓာတ်အားဖြန့်ဖြူးသည့် အဆောက်အအုံ၊ ရေသန့်နှင့် ရေဆိုး ထုတ်စက်ရုံများ ပါဝင်မည်ဟု သိရသည်။ မြို့သစ်တည်ဆောက်ရာတွင် PPP (Public Private Partership) ပုံစံအ သုံးပြုမည်ဖြစ်ပြီး တိုင်းဒေသကြီး ဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဋ္ဌနှင့်CEO အဖြစ် သန်လျင်မှ Star City ကို အကောင်အ ထည်ဖော်ခဲ့သည့် ဦးသိမ်းဝေ(ခေါ်) Serge Pen အား ခန့်အပ်ထားသည်။ ဒါရိုက် တာအဖွဲ့ဝင်သုံးဦးကတော့ တိုင်းဒေသကြီး စိုက်ပျိုးရေးဝန်ကြီး ဦးဟံထွန်းနှင့် စင်ကာ ပူနိုင်ငံခြားရေးဝန်ကြီးဟောင်းGeorge Yeo ကုလသမဂ္ဂလုံခြုံရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးအရာရှိ ဦးထွန်းမြတ် တို့ဖြစ်သည်။
အဆိုပါ စီမံကိန်းနှင့်ပတ်သက် ၍ ယခင်တင်ဒါအောင်ထားသော ကုမ္ပဏီ များသာမက အခြားကုမ္ပဏီများလည်း လုပ်ခွင့်ပေးမည်ဟုဆိုသည်။ ထိုအခါ ယခင်က တင်ဒါအောင်ခဲ့သည့် စေပိုင် ဖွံ့ဖြိုးရေးကုမ္ပဏီမှ ဦးမောင်ဝိတ်က ယခင် က ပင်ပင်ပန်းပန်းလုပ်ခဲ့ရသည့် တင်ဒါ တင်စဉ်က ကုန်ကျခဲ့ရသည့် ဒီဇိုင်းရေး ဆွဲခ၊ အာမခံကြေး သိန်းပေါင်းသောင်း ချီ၏။ အတိုးနှုန်း ကုန်ကျစရိတ်များအ တွက် ငဲ့ညှာပေးသင့်သည်ဟုဆိုပြန်သည်။
ရန်ကုန်မြို့သစ်စီမံကိန်း၏ ပထမလက်ဦးမှုရယူခဲ့သူတွေရဲ့ လုပ်ကွက် က တစ်ဖက်ကမ်းမှာ လယ်မြေတစ်ဧက ကို ၁၀ သိန်း၊ ၁၅ သိန်း ဈေးကတည်းက စပြီးဝယ်သိမ်းခဲ့ပြီး တစ်ဦးတစ်ယောက် ပိုင်ဆိုင်မှုအနေဖြင့် ဧက ၉၀ဝ၀ ကျော် ရှိသလို စီးပွားရေးသမားတချို့မှာ ဧက ထောင်ချီရှိသူ၊ ဧကရာချီ ဝယ်သိမ်းထား သူတွေရှိသည်ဟု သိရသည်။
ဤသို့ဖြင့် ယခင်အစိုးရ လက်ထက်မှာ ရန်ကုန်မြို့တော်ဝန်က လွှတ်တော်အတည်ပြုချက်ရယူခြင်းမရှိဘဲ အဆိုပါစီမံကိန်းကို ဝုန်းခနဲဆိုသလို လွှတ် တော်တွင် တင်ပြခဲ့ရာမှ ဝိုင်း၍ကန့်ကွက် ခဲ့ကြသည်။ ဤကဲ့သို့ ဝိုင်းဝန်းကန့်ကွက်ခဲ့ ပြီးနောက် မြို့တော်ဝန်က အဆိုပါ စီမံ ကိန်းကို ၂၀၄၀ တွင်မှ အကောင်အ ထည်ဖော်ပါတော့မည်ဟုဆိုခဲ့ပြန်သည်။ အဆိုပါစီမံကိန်းအတွက် ငွေကြေးမြောက် မြားစွာ နစ်မြုပ်နေကြသော ပေါက်ဖော် ခရိုနီအမြောက်အမြားရှိကြောင်းလည်း သိရသည်။ NLDအစိုးရ မတက်ခင်တွင် အဆိုပါ စီမံကိန်းကို တင်ဒါခေါ်၍ ကုမ္ပဏီ များကို ခွဲဝေလုပ်ကိုင်ခွင့်ပေးခဲ့ပြန်သည်။ နောက်ပိုင်း NLDအစိုးရတက် လာ သောအခါ အဆိုပါတင်ဒါအောင်မြင် ခဲ့သော ကုမ္ပဏီများ၏ စာချုပ်ပျက်ပြယ် သွားခဲ့ရပြန်သည်။
ယခုအခါ ရန်ကုန်တိုင်းဒေ သကြီးအစိုးရမှာNYDC (New Yangon Development Company)ဟုဆိုကာ ရန်ကုန်တိုင်းအစိုးရ ရာနှုန်းပြည့်ပိုင်ဆိုင်သော ကုမ္ပဏီကို သိန်းပေါင်း တစ်သိန်းမတည်၍ တည် ထောင်ကာ အဆိုပါစီမံကိန်းကို အ ကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ဗီယက်နမ်မှ VSIP လို အထူး စက်မှုဇုန်မျိုးစင်ကာပူမှ Temersekလို၊ Acender Sing bridge စီမံကိန်းလို အကောင်အထည် ဖော်လိုပုံရသည်။
လယ်မြေဧက ၉၀ဝ၀ ကျော် ဝယ်သိမ်းထားတဲ့ ပေါက်ဖော်ခရိုနီအုပ်စု က မြေတွေဝယ်ထားပြီးဖြစ်တဲ့အတွက် တပန်းသာပြီး တရုတ်ဆောက်လုပ်ရေး ကုမ္ပဏီ China Communication Construction မှအကြီးအကျယ်ရင်းနှီး မြှုပ်နှံ၍ ဒီဇိုင်းရေးထုတ်ထားပြီဖြစ်သည် ဟု သိရသည်။
image
အဆိုပါစီမံကိန်းကို လေ့လာ ကြည့်သောအခါ ပထမအဆင့် PhaseI က အောင်မြင်နိုင်ခြေအနည်းငယ်ရှိသော် လည်း PhaseIl ဒလဘက်ကမ်းမှာ အောင်မြင်ဖို့ မလွယ်ဟုသုံးသပ်ကြသည်။ အဆိုပါ ဒလဘက်ပိုင်းမှာ ဂိုဒေါင်များနှင့် လယ်ယာသားငါးလုပ်ငန်းများအတွက်သာ အဆင်ပြေနိုင်သည်ဟု သုံးသပ်ကြသည်။
အဆိုပါ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရ၏ ရန်ကုန်မြို့သစ်စီမံကိန်းလို့ ဝေဖန်သူများလည်း ရှိသည်။ ပထမဦး စွာ အစိုးရအလုပ်မှာ အုပ်ချုပ်ရမှာဖြစ် ပြီး စီးပွားရေးလုပ်ကိုင်ရန် မဟုတ်ဟူ သော သီအိုရီအရဆိုလျှင် မှားနေပြီဟု သုံးသပ်ကြသည်။ ဒီကုမ္ပဏီမှာ ဝန်ကြီး ဖြစ်သူက ဥက္ကဋ္ဌလုပ်တော့ သူ့ရဲ့ဝန်ကြီး တာဝန်တွေလစ်ဟင်းသွားမည်။ အာရုံ များပြီး ဟိုလည်း မရောက်၊ ဒီလည်းမပြီး ဖြစ်မည်ဟု ဝေဖန်ကြသည်။ ဈေးကွက် စီးပွားရေးစနစ်မှာ အစိုးရက ဒိုင်လူကြီး နေရာသာယူရမည်။ ကွန်မြူနစ်တွေ၊ ဆို ရှယ်လစ်တွေမှာသာ အစိုးရစီးပွားရေး လုပ်သည်ဟု ဝေဖန်ကြသည်။
ယခင်စစ်အစိုးရခေတ်က ဦး ပိုင်နှင့် MEC တို့၊ စီးပွားရေးလုပ်ငန်း များချုပ်ကိုင်ခဲ့၍ ပုဂ္ဂလိကများပြိုင်ဆိုင် နိုင်ခြင်းမရှိခဲ့သည်ကို ထောက်ပြဝေဖန် ခဲ့သည်။ စက်သုံးဆီရောင်းဖို့ ကုမ္ပဏီဖွင့် ခြင်းကိုလည်း ဝေဖန်ကြသည်။ ရန်ကုန် စည်ပင် မော်တော်ယာဉ်ဌာန ကားဆီ လက်ကျန် တစ်ပတ်စာကျန်ရှိတော့သည့် နောက်ဆုံးအချိန်တွင် တင်ဒါမခေါ်ဘဲ ဝယ်ခဲ့ခြင်းကို မိုနိုပိုလီဇာတ်လမ်းဟုဆိုကာ ထောက်ပြခဲ့ကြသည်။ ရန်ကုန်မြို့တော် စည်ပင်မှ လုပ်ငန်းများကို ကန်ထရိုက် ပေးရန် ပုဂ္ဂလိက ကုမ္ပဏီကြီးဆယ်ခုကို ဖိတ်ကြားဆွေး နွေးခဲ့သည်ကိုလည်း ဝေဖန်ကြသည်။ ခေတ်အဆက်ဆက်က အဆီတစ်ထပ် အသားတစ်ထပ် အမြတ် ကြီး မြတ်ခဲ့ကြသည်။ ကုမ္ပဏီကြီးတွေသာ နေရာရခဲ့ကြပြီး ယခုNLDအစိုးရ ခေတ်မှာလည်း အဆိုပါကုမ္ပဏီများကို နောက်ပေါက် ကုမ္ပဏီတွေ ယှဉ်ပြိုင်နိုင် သည့်အနေအထား မဖန်တီးပေးခြင်းကို လည်း ဝေဖန်ကြသည်။
တချို့တတ်ကျွမ်းနားလည် သူတွေက အဆိုပါစီမံကိန်းနှင့်ပတ်သက် ၍ ၁၀ ဘီလျံကျပ်ဆိုတာ ဆင်ပါးစပ်နှမ်း ပက်သလိုဖြစ်သွားမည်ဖြစ်ကြောင်း သုံး သပ်ကြသည်။ ကုမ္ပဏီတွေကို ရင်းနှီးမြှုပ် နှံဖို့တင်ဒါခေါ်မည်ဟု ဆိုရသော်လည်း ယခုစီးပွားရေးအခြေအနေအရ ယခင်က ဆင်ဖမ်းခဲ့သည်။ ကျားဖမ်းခဲ့သည့် စား နေကြ ကြောင်ဖားကြီးတွေတောင် ဘဏ် က ချေးထားတဲ့ အရင်းပြန်ဆပ်နိုင်ဖို့ နေနေသာ အတိုးတောင် မပေးနိုင်တာ နှစ်ချီနေပြီ၊ အချို့ဆိုရင် ဘဏ်ကို အတိုးမပေးဘဲ သိန်းပေါင်း သိန်းချီချေး ထားတာ နှစ်ချို့နေလို့ ဘဏ်က တရားစွဲ ထားတဲ့ အမှုတွေ မနည်းတော့ဘူး။ ဒီလိုအခြေအနေမှာ သူတို့ ဆောက် ထားတဲ့ ကွန်ဒိုအခန်းတွေ ဈေးလျော့ ပေးတာတောင် ဝယ်မည့် သူမရှိချိန်မှာ ရေချိုမရနိုင်ဘဲ ပင်လယ်ဆားငံရေဝိုင်း နေတဲ့ ဒလလို နေရာမျိုးမှာ ဝယ်သူမရှိဘဲ ဒီစီမံကိန်းဘယ်လို အောင်မြင်နိုင်မလဲ ဆိုသည်ကို သုံးသပ်နေကြသည်။ FMI မှ အကောင်အထည် ဖော်ခဲ့သည့်Star City မှ ဝယ်ရင် ဈေးသိန်းတစ်ထောင် နှင့် ဝယ်ထားသူ ငွေလို၍ ပြန်သွင်းချင်လို့ သိန်း ၈၅၀ နှင့် ရောင်းမယ်ဆိုတာတောင် ဝယ်လက်ပျောက်နေချိန်မှာ ဟိုဖက်ကမ်း မှာ မည်သို့သောသူတွေ ဘယ်လိုဝယ် မည်ဆိုတာ စဉ်းစားမရနိုင်အောင် ဖြစ် နေရသည်။ ဒီလို ဝယ်သူတွေမရှိရင် စီမံကိန်းရှေ့ဆက်ဖို့ မည်သို့မျှ မဖြစ်နိုင် ဆိုတာ ယခင် ယခင့် အတွေ့အကြုံအရ ကလေးတွေကအစ သိကြသည်။ သူဌေး တွေဆိုတာ ငါးကြင်းဆီနဲ့ ငါးကြင်းကြော် ခဲ့ကြသူတွေ များသည်။ ဒါပေမယ့် ဒီကြော်မည့် ငါးကြင်းဆီအတွက် တိုက်ခန်းတွေ ကြိုရောင်းရင်တောင် မည် သူမျှ မဝယ်တဲ့ခေတ်မှာ အသင်လူသား တို့၏ လွတ်လပ်သော အတွေးအခေါ် ဦးနှောက်ဖြင့် စဉ်းစားကြည့်ရင် အဖြေ ပေါ်လာမှာပါ။
image

ရန်​ကုန်​တစ်​ဖက်​ကမ်း | Ecency