တစ်နေ့က အသက် ၁၁ အရွယ် ကိုယ်ဝန်ဆောင်လေး အကြောင်းရေးပြီးတော့ ဆက်ရေးမယ့် အကြောင်းအရာတွေကအများကြီးပေမယ့်
ရေးဖိုအတွက် ရင်ထဲမထည့်နိုင်လောက်အောင် ဖြစ်နေရတဲ့ဖြစ်ရပ်တွေကလည်းအပြည့်..။
ဘာ့ကြောင့်ဆို တချို့ ပြဿနာတွေက လူသိရှင်ကြား ဖွင့်ပြဖို့တော်တော်လေးသွေးပျက်စရာ
ကောင်းနေတာမျိုး..။
ဥပမာ- ဖအေ အရင်းက ပြုကျင့်လို့ ကလေးရသွားတဲ့ကောင်မလေးခမျာ
ဘယ်လိုအမည်တပ်ရမယ်မသိတဲ့ ကလေးကို မွေးပြီးပစ်ထားရစ်ခဲ့ရတဲ့ ကလေးလေး
ကျွန်မ သူငယ်ချင်း မာမီကွတ်ဆီမှာ ရှိနေပါတယ်။
ပြီးတော့ သားသမီးကို နည်းနည်းမှ အထိခိုက်မခံနိုင်တဲ့ မာတာမိခင်တွေထဲမှာမှ သမီးတွေဘ၀ပျက်တာကို ကြည့်နေနိုင်တဲ့အထိ နောက်ယောင်္ကျားကို တန်းတန်းစွဲဖြစ်နေတဲ့
မအေလက်ထဲက ကလေးတွေဘ၀မျိုး။
အဲ့ဒီမိန်းမက သူ နောက်အိမ်ထောင်ပြုလိုက်ချိန်မှာ သူယူလိုက်တဲ့ကောင်က သူ့သမီးငယ်ကို အကြိမ်ကြိမ် မုဒိမ်းကျင့်တာ..နောက်ဆုံး ကလေးမလေးမှာ အရွယ်မရောက်ခင် ဗိုက်တစ်လုံးနဲ့ အိမ်ကနေထွက်ပြေးရ
တဲ့အထိပါပဲ။အဲ့ဒီကလေးမလေးဟာ ပထွေးဖြစ်သူ မုဒိမ်းကျင့်လို့ ရလာတဲ့ ဗိုက်ထဲက ကလေးကို မလိုချင်ပေမယ့် ဖျက်ချမရတဲ့ အနေထားမှာ သူရွံတဲ့လူရဲ့သွေးသားကို မွေးလိုက်ရပါတယ်။
ဲ့ဒီ မိသားစုထဲမှာ ဒီထက် ရွံစရာကောင်းတာ
တစ်ခုကတော့ အဲ့ဒီကလေးမလေးရဲ့ အမဖြစ်သူကလည်း အဲ့ဒီ ပထွေးကောင် မုဒိမ်းကျင့်လို့ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ရပါတယ်တဲ့။
မုဒိမ်းကောင် ပထွေးနဲ့ အဲ့ဒီကောင်ကိုမှ တန်းတန်းစွဲဖြစ်နေတဲ့ တဏှာရူး
မအေဖြစ်သူကြားမှာ ကလေးမလေးတွေဘ၀က ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းနေတဲ့ အနေထားဆိုတာပြောပြဖို့တောင်
မလိုလောက်အောင်ပါပဲ။
ဒါကို ဘာ့ကြောင့် အမှု့မဖွင့်သလဲလို့တော့
ကလေးမကို စာနာခြင်းအားဖြင့် မမေးပါနဲ့တော့။
ခုချိန်မှာ အဲ့ဒီ ကလေးမနဲ့အတူ သူရဲ့ကလေးပါ ပထွေးကောင်နဲ့ သူ့ အမေတို့ရဲ့
ဝေးရာ လုံခြုံရာမှာ ဘ၀တစ်ခုအစပြုဖို့ မာမီကွတ်ကအကူညီတွေ
ပေးရင်း စောင့်ရှောက်ပေးထားပါတယ်တဲ့။
အဲ့ဒီမှာ ဘာတွေးစရာရှိလဲဆိုတော့ ပြုကျင့်ခံရသူတွေဟာ ရှက်ကြောက်စိတ်တွေနဲ့ လူမသိ သူမသိ ခံစားနေရတာများပြီး အဲ့ဒီလိုကောင်တွေကိုသက်ဆိုင်ရာ
စခန်းတွေမှာ အမှုဖွင့် တိုင်ကြားလို့ရတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် သိဖို့လိုနေတဲ့ အနေထားပါပဲ။
ပြီးတော့ မုဒိမ်းကောင်တွေကိုလည်း (အားလုံးရင်းပြီး တိုင်ရတာနဲ့ တန်အောင်)ဥပဒေအရထိရောက်ပြင်းထန်တဲ့ ပြစ်ဒဏ်တွေပေးဖို့ လိုနေတယ်ဆိုတာ
မီးမောင်းထိုးပြနေပါတယ်။
ပြီးတော့ နောက်တစ်ခုတွေးစရာက မုဒိမ်းကျင့်ခံရလို့ ကိုယ်ဝန်ရခဲ့ရင် အဲ့ဒီ ကလေးကို မွေးသင့် မမွေးသင့်ဆိုတာကလည်း ရှိနေပါတယ်။
အထူးသဖြင့် သက်ငယ် မုဒိမ်းကိစ္စတွေ၊အရွယ်မတိုင်ခင် ကိုယ်ဝန်လွယ်နေရတဲ့ ကလေးငယ်တွေရဲ့ စိတ်ဒဏ်ရာတွေနဲ့ ရင်ဆိုင်ရမယ့်
အနာဂတ်တွေအတွက် ဒါဟာ ထည့်သွင်းစဉ်းစားစရာပါပဲ။
တချို့နိုင်ငံတွေမှာတော့ မုဒိမ်းကျင့်ခံရပြီး ကိုယ်ဝန်ရတဲ့ သူတွေ၊ခုလို လူ့အသိုင်းဝိုင်းမှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ အနေထားတွေနဲ့ သွေးသားရင်းတွေရဲ့ ကိုယ်ဝန်လွယ်ထား
ရသူတွေ၊မုဒိမ်းကျင့် ခံရလို့ အသက်မပြည့်ပဲ ကိုယ်ဝန်ဆောင်နေရသူတွေကို တရားဝင်ပဲ ကိုယ်ဝန်ဖျက်ချခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
ဒါဆို ကျွန်မတို့ နိုင်ငံမှာ ဖြစ်နေတဲ့
-ဖခင်ရင်းက ပြုကျင့်လို့ ကလေးရသွားတဲ့ ကလေးမလေးတွေ
-မောင်နှမ အရင်းကြီးက ပြုကျင့်လို့ ကလေးရ သွားတာတွေ
-အသက်မပြည့်ခင်မှာပဲ အဓမ္မကျင့်ခံရလို့ လူမသိ သူမသိကိုယ်ဝန်ရသွားရတဲ့ ကလေးတွေအတွက် သေချာတွေးဖို့လိုနေပြီလို့ ထင်ပါတယ်။
ဖတ်မိတာလေးတွေပြန်လည်ဝေမျှပေးတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်
SMT-59 @pocker