"""မိဘ​ကျေးဇူးဆပ်​တတ်​ပါ​စေ"""

pocker(46)
Published in
#esteem
Words
106
Reading
1 min
9y
Listen to this post
~1 min

ကိုယ့်မိဘ ကိုယ်မသတ်မိပါစေနဲ့ 

မိဘကို အသက် အသက်သေအောင် သတ်မှ
သတ်တာမဟုတ်ပါဘူး

သဒ္ဓါတရားမရှိတဲ့ မိဘကို သဒ္ဓါတရားရှိအောင်
ဖန်တီးမပေးနိုင်ရင်

အိုမင်းမစွမ်းတဲ့ မိဘကို ကိုယ်ထိလက်ရောက်
ပြုစုမပေးပဲ မျက်နှာလွဲခဲပစ် လုပ်နေရင်

ကိုယ်ကတော့ ကောင်းကောင်းစားနေပြီး
မိဘတွေကတော့ ကိုယ့်လောက် ကောင်းအောင်
မစားရပဲ ချို့ တဲ့နေပြီဆိုရင်

ပင်ပမ်းကြီးစွာ ရှာဖွေစားသောက်နေရတဲ့ မိဘတွေကို ကူညီနိုင်ပါလျှက် မကူညီခဲ့ဘူးဆိုရင်

အဲဒါတွေထဲက တချက်ချက်နဲ့  ငြိနေမယ်ဆိုရင်
လည်း မိဘကို သတ်နေတာပါပဲ

ဒီတဘဝ သတ်တာကမှ မိဘတွေ တဘဝပဲ သေမှာပါ

သဒ္ဓါတရားမရှိပဲသေသွားရင်

ဝိပဿနာတရားတွေထွန်းကားနေပါလျှက်
ကိုယ့်မိဘ ဝိပဿနာ တရားတော်ကို မထိတွေ့ ရပဲ သေသွားခဲ့မယ်ဆိုရင်

ကိုယ့်မိဘကို တသံသရာလုံး သတ်နေသလိုပါပဲ

ကိုယ်တရားမဟောနိုင်တာတောင်
ရိပ်သာတော့ ရောက်အောင်ပို့ ပေးကြရမယ်

ရိပ်သာမသွားနိုင်တော့ဘူးဆိုရင်တောင်
အိမ်မှာ ဝိပဿနာ အလုပ်ပေးတရားတော်တွေကို
နာနိုင်အောင် ရှု့မှတ်တတ်အောင် စီစဉ်ပေးနိုင်
ရမယ်

ကိုယ့်ကို ပညာတတ်အောင် ပြုစုပျိုးထောင်နေရလို့  သူတို့ မှာ တရားဘာဝနာကို ငယ်ငယ်က အားထုတ်ဖို့  အချိန်မပေးနိုင်ခဲ့ဘူး

ကိုယ်က ပညာတတ်လို့  ပြန်ပြီး ပြုစု ရမဲ့အလှည့်
ရောက်တဲ့အခါမှာ မိဘကို တရားနဲ့  ကျေးဇူးမဆပ်
နိုင်ဘူး ဆိုရင်တော့

အဲဒီသားသမီးဟာ
မိဘကို သတ်နေတာပါပဲ

သားကောင်းသမီးကောင်းများ
ဖြစ်နိုင်ကြပါစေ

###ဦးမြင့်​ခိုင်

image