လူတစ်ယောက်အနေနဲ့
အကောင်းပြောဖို့ က သိပ်လွယ်တယ်
ပြောတဲ့အတိုင်း အကောင်း လုပ်ဖို့သာ ခက်တာ
အပြောမှာ attitude သိပ်ကောင်းပြတဲ့သူတွေဟာ
စိတ်ပိုင်းဆိုင်ရာမှာ inferior ဖြစ်တဲ့သူတွေ များတယ်
မိမိ အားနည်းချက်ကို ဖုံးကွယ်ဖို့
အပြောမှာ perfect ဖြစ်ဖို့ကြိုးစားကြတယ်
Social media ခေတ်မှာ ပိုဆိုးတယ်
စိတ်ခွန်အား တကယ် ပြည့်ဝသူတွေမှာ
Abnormal sign ဘာတခုမှ မပြတက်ကြဘူး
Abnormal ပုံမှန်မဟုတ်တဲ့ လက္ခာဏာဆိုတာ
ခနခန လူတော် တစ်ယောက်အဖြစ် လူသိအောင်
Performance လုပ်ပြခြင်း
ပိုဆိုးတာက သူများတွေကိုပါ
ငါ့လို တော်အောင်လုပ်ကြနော်လို့
စဆရက လုပ်တာမျိုး
ဒီထက်ပိုဆိုးရင်
မင်းတို့ငါ့ကို ကြည်ညိုနေကြပြီမလား
ဆိုတဲ့ အထာမျိုး
အပြောမှာ attitude ကောင်းပြနေရုံနဲ့
လူတော်တစ်ယောက်ဖြစ်သွားမှာမဟုတ်သလို
လူကောင်းလည်း ဖြစ်သွားမှာမဟုတ်ဘူး
Perfect attitude , moral ဆိုတာမျိုးက
သူတော်စင်တွေရဲ့ လက္ခဏာ တခုပဲ
လူသာမန်တစ်ယောက်ဟာ
သူတော်စင်လို လူကောင်းလို လုပ်ပြနေရင်သာ
ပြသနာရှိတာ
လူ ဆိုတာ လူလို နေတက်ဖို့ပဲလိုတာ
အမြဲ မမှန်သလို
အမြဲ လည်း အမှားလုပ်စရာမလိုဘူး
မိမိ အသိဥာဏ် မိမိ အတွေ့အကြုံ
မိမိ ခံစားချက် တွေအရပဲ
ကောင်း ရင် ကောင်း သလို
ဆိုး ရင် ဆိုး သလို
ဘဝကို အရိုးခံ အတိုင်းပဲ ဖြတ်သန်းတာ
အကောင်းဆုံးပဲ
စိတ်ဓာတ် ရင့်ကြတ် တည်ငြိမ်ခြင်းဆိုတာ
လောက နဲ့ လိုက်လျောညီထွေ နေပြနိုင်မှ
ဖြစ်ပေါ်လာတာမျိုး
ဖောရှော attitude positive သမားတွေ
Social media ပေါ်သိပ်များလာတာ
ကောင်းတဲ့ လက္ခဏာတော့မဟုတ်ဘူး
လူ က လူလိုနေကြပါ။
SMT-59
Please Follow&Upvote @pocker