Excellent tips of Warren Buffet

pocker(46)
Published in
#esteem
Words
133
Reading
1 min
9y
Listen to this post
~1 min

ဘီလျံနာဝါရင်းဘတ်ဖက်ရဲ့ အထင်ကရစကား ၆ ခွန်း

ဝါရင်းဘတ်ဖက်ဟာ အမေရိကန် စီးပွားရေးသမား လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်သလို ပရဟိတသမား တစ်ယောက်လည်း ဖြစ်တယ်။၂၀၁၈ ခုနှစ် ဇန်န၀ါရီလ၊ ကမ္ဘာ သူကြွယ်မှတ်တမ်းမှာတော့ သူဟာ အမေရိကန် ဒေါ်လာ ၉၁ ဒသမ ၆ ဘီလီယံ ချမ်းသာတယ်လို့ ဆိုထားတဲ့။ သူကြွယ်အဆင့်အရတော့ ကမ္ဘာနဲ့ အမေရိကန်မှာ တတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တယ်။ ငွေရေးကြေးရေး၊ ရင်းနှီး မြုပ်နှံ့မှုနဲ့ စီးပွားရေးအမြင်ကျယ်မှုနဲ့ ပတ်သက်ပြီး မှော်ဆရာ၊ နိမိတ်ဟော ဆရာ၊ ပညာရှိလို့ အမွှန်းတင်ခံရတဲ့ သူဟာ တစ်နေ့ကို ဒေါ်လာတစ်သိန်းနှုန်း သုံးသွား ရင်တောင် နှစ်ပေါင်းနှစ်ရာလောက် သုံးရတဲ့အထိ များပြားလှတဲ့ ငွေကြေး ပမာဏကို ပိုင်ဆိုင်ပေမဲ့ အလွန်အသုံးအစွဲ နည်းတယ်လို့ ထင်ရှားပါတယ်။သူ့ရဲ့ ထင်ရှားတဲ့ အဆိုအမိန့်တချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) ဝင်ငွေ
.........................................
“ဘယ်တော့မှ ငွေဝင်လမ်းတစ်ခုကိုပဲ အသေအားကိုးမနေနဲ့။ တခြားဝင်ငွေ၊ ရပေါက်ရလမ်းတွေရှိအောင် သင့်ရာသင့်ရာတွေမှာ ငွေကြေးရင်းနှီး မြုပ်နှံထား”

(၂) သုံးစွဲပုံ
...........................................
“မလိုအပ်တဲ့ပစ္စည်းတွေ လျှောက်ဝယ်နေရင်၊ မကြာခင်မှာ လိုအပ်တဲ့ ပစ္စည်းတွေ ရောင်းချရတဲ့ကိန်း ဆိုက်လိမ့်မယ်”

(၃) ငွေကြေးစုဆောင်းမှု
.............................................................
“သုံးစွဲပြီး ကျန်တာကို မစုဆောင်းပါနဲ့၊ စုဆောင်းပြီး ကျန်တာကို သုံးစွဲပါ”

(၄) စွန့်စားခြင်း
................................................
“ရေနက်မနက်ကို ခြေနှစ်ဖက်စလုံးနဲ့ ဘယ်တော့မှမစမ်းပါနဲ့”

(၅) ရင်းနှီးမြုပ်နှံမှု
....................................................
“ကြက်ဥတွေအားလုံး၊ ခြင်းတောင်းတစ်ခုထဲပဲ စုပြုံမထည့်ပါနဲ့”

(၆) မျှော်လင့်ခြင်း
...................................................
“ရိုးသားခြင်းဆိုတာ အင်မတန်တန်ဖိုးကြီးတဲ့ လက်ဆောင်မွန်ပဲ ။ အပေါစား လူတွေဆီက အဲဒီလက်ဆောင်မွန်ကို မမျှော်လင့်နဲ့”

နောက်ပြီးသူပြောလေ့ရှိတဲ့ မှတ်သားစရာ စကားတစ်ခွန်းကတော့-

“အတိတ်ဆိုတာ စက္ကူစုတ်၊ ပစ္စုပ္ပန်ဆိုတာ သတင်းစာ၊ အနာဂတ် ဆိုတာကတော့ အမေးလွှာ ။ အတိတ်က စွန့်ခွာထွက်ခဲ့ပြီး ပစ္စုပ္ပန်ကိုထိန်းချုပ်၊ အနာဂတ်ကို လုံခြုံအောင်လုပ်” ပါတဲ့။
image

Please Follow Me pocker@pocker

Excellent tips of Warren Buffet | Ecency