The respect woman

pka(38)
Published in
#esteem
Words
126
Reading
1 min
8y
Listen to this post
~1 min

ရှက်စိတ်မဲ့သူ

ပါပိစ္ဆော ဣစ္ဆာပဂတော

image

ယုတ်မာသော အလိုရှိသူ။
အလိုဆိုးသည် ပင်ကိုယ်သဘောမှ ကင်းအောင် ပြုခံရသူ။
(တနည်း) အလိုဆိုး လွမ်းမိုးခံထားရသူ။

လိုတာထက် ပိုရချင်သူ
ရသင့်တဲ့အခွင့်အရေးထက် ပိုရချင်သူတွေဟာ “အလိုဆိုး လွမ်းမိုးခံရသူ” (သို့မဟုတ်) ”ရှက်စိတ်မဲ့“သူလို့ ဆိုရမယ်။

ရှက်စိတ်မဲ့သူဟာ မလုပ်သင့်တာတွေ လုပ်မိတတ်တယ်။
အပိုရချင်တာ နည်းရင် မလုပ်သင့်တာကို နည်းနည်း လုပ်တယ်။
အပိုရချင်တာ များရင် မလုပ်သင့်တာ များများ လုပ်တယ်။
အပိုတွေ အများကြီး ရချင်ရင်တော့ မလုပ်သင့်တာတွေ တအားကြီး လုပ်ဖြစ်တော့တာပဲ။

ဒါသည်ပင် အလိုဆိုးက ပင်ကိုယ်သဘော ဖြူစင်တဲ့ကုသိုလ်သဘောတွေကနေ ကင်းကွာအောင် လုပ်ခံရတယ်လို့ ဆိုလိုတယ်။

လုပ်သလောက်သာ ရချင်သူ
ရသင့်တဲ့အခွင့်အရေးသာ လိုချင်သူကတော့ “အလိုဆိုးရဲ့ လွမ်းမိုးမှုကို မခံသူ” (သို့မဟုတ်) “ရှက်စိတ်ရှိသူ” လို့ ဆိုရမယ်။

မနေ့က ဗွီဒီယိုဖိုင်လေး တခု ကြည့်လိုက်ရတယ်။ မီတာရှည် လမ်းလျောက်ပြိုင်ပွဲမှာ ရှေ့နောက်ကပ်ရက် ပြိုင်ပွဲဝင်လာတဲ့ အမျိုးသမီး (၂)ယောက်။

ပန်းဝင်ဖို့ မလှမ်းမကမ်း ရောက်လာချိန်မှာ ရှေ့က လမ်းလျောက်လာသူဟာ ခြေထောက် တခုခုဖြစ်ပြီး ဒဏ်ရာရ ခွေခေါက် လဲကျသွားတယ်။
နောက်က လိုက်လာသူ အမျိုးသမီးဟာ လဲသူအမျိုးသမီးကို ကျော်တက်ပြီး ပန်းဝင်အောင်ပွဲခံလိုက်ရုံပါပဲ။

ဒါပေမယ့် နောက်က ကပ်ရက်လိုက်လာသူအမျိုးသမီးဟာ ရသင့်တဲ့အခွင့်အရေးထက် ပိုမယူတတ်သူဆိုတာကို ပြလိုက်တယ်။

လဲကျသူအမျိုးသမီးကို ဖေးမလို့ ထူပြီး ပန်းတိုင်အထိ တွဲခေါ်လာတယ်။ ပြီး ပန်းတိုင်ဖြစ်တဲ့ ကြိုးကို ဖြတ်ခိုင်းပြီး ကျေကျေနပ်နပ် ဒုတိယဆုကို ယူလိုက်တယ်။

ဒီဗွီဒီယိုဖိုင်ကို ကြည့်ပြီး သူမရဲ အလိုးဆိုးမရှိမှု (သို့မဟုတ်) ရှက်စိတ်ကို အလေးပြုမိလိုက်တယ်။

အလိုဆိုး လွမ်းမိုးခံရခြင်း (သို့) ရှက်စိတ်မဲ့ခြင်းဟာ လူဖြစ်ရင် လူ့အမှိုက်ဖြစ်လာနိုင်သလို သာသနာတွင်းဆိုရင်လည်း ရဟန်းအမှိုက်လို့ခေါ်တဲ့ ပါရာဇိကဆီအထိ ရောက်ရှိနိုင်လို့ သတိထား ထိမ်းသိမ်းဖို့ လိုအပ်လှတယ်။

9.6.2018

ဗွီဒီယိုဖိုင်ကို ကွန်မန့်မှာ ဝင်ကြည့်ပါ

The respect woman | Ecency